Unicodeကံကြမ္မာရေးတဲ့ဖူးစာ အပိုင်း(၂)
"ကျစ်"
အဖြူရောင်မွေ့ယာထက် အိပ်စက်နေသူ၏ မျက်နှာသို့ ကျရောက်လာသော နေရောင်ခြည်ကြောင့် လက်မနဲ့ လက်ညှိုးအသုံးပြုကာ မျက်ခုံးတန်းတွေပေါ် လက်တင်၍ ကျစ်စုပ်သတ်ကာနိုးထလာသူက မင်းခန့်နောင်ပင်။
ကျောင်းဖွင့်တဲ့ရက်က သောကြာနေ့ကျသည်မို့ ဒီနေ့က အားလပ်ရက်ပင်။နောက်ကျမှထရန်စိတ်ကူးထားပင်မဲ့ ပြတင်းပေါက်က အလင်းရောင်ကြောင့် စိတ်မကြည်စွာ နိုးထလာရခြင်း။ထလာရင် ပြန်မအိပ်တတ်တာကြောင့် နောက်သွားသော ခေါင်းကို ကြည်လင်စေရန် ရေချိုးဖို့ဆုံးဖြတ်လိုက်သည်။
ချိန်းထားတာရှိသည်မို့ ရှပ်အဖြူပေါ် ဂျာကင်အမဲ ထပ်လိုက်ပြီး ဂျင်းအနက်ကို ဝတ်ဆင်လိုက်သည်။အပြင်သွားမည်ဖြစ်၍ နဖူးပေါ် တစ်စစီကျနေသည့် baby hairများကို ဂျယ်သုံးကာ လှန်တင်လိုက်သည်။
"မြေး အိပ်ယာထတာစောသားပဲ"
ဒေါ်ခင်သစ္စာ ဘုရားခန်းကအထွက် မြေးဖြစ်သူဆင်းလာသည်ကိုမြင်၍ ပြောလိုက်ခြင်း။"ဟုတ် သူငယ်ချင်းတွေနဲ့ချိန်းထားတာရှိလို့"
"မနက်စာ စားသွားအုံးနော်"
"ဟုတ်"
အဖွားဖြစ်သူနှင့်အတူ ထမင်းစားခန်းထဲဝင်တော့ အမေနဲ့အဖေကလဲ သူ့ကိုအံ့ဩစွာကြည့်နေသည်။အစောလေးတစ်ရက်ထလိုက်တာကို ထူးထူးဆန်းဆန်းလုပ်နေကြတယ်။
"ကျွန်တော်စားပြီးပြီ အပြင်သွားလိုက်အုံးမယ်"
"အေးအေး"
မင်းခန့်ထမင်းစားခန်းကထွက်မှ မမိုးက အိပ်ချင်မူးတူးနဲ့ ဝင်လာသည်။
"ဟယ် မင်းခန့် မောင်လေး ဒီနေ့ဘာနေ့လဲ အစောကြီးနိုးနေတာ"
"ဟာ မမတို့ကလဲ ကျွန်တော်တစ်ရက်လေးအစောထလိုက်တာကို အထူးအဆန်းလုပ်နေကြတယ် သွားပြီဗျာ"
သူ့အပြောကို ရယ်နေကြသည့် မိသားစုအားကျောခိုင်းကာ ဦးတည်လိုက်သည်က မေ့အိမ်သို့
"မင်းခန့် အိမ်ထဲမဝင်နဲ့တော့ ငါလာပြီ"ရောက်ရောက်ချင်း မေ့ရဲ့အပြောကြောင့် အမောပင်ဆို့သွားရသည်။
YOU ARE READING
Red ribbon(or)ကံကြမ္မာရေးတဲ့ဖူးစာ
Romanceအချစ်က လူကိုပူလောင်စေတာလား ကိုယ်ရွေးချယ်လိုက်တဲ့ သူကကိုယ့်ကိုပူလောင်စေတာလား...?