Red Ribbon (Part-3) U&Z

76 3 0
                                    

Unicode

ကံကြမ္မာရေးတဲ့ဖူးစာ အပိုင်း(၃)

ဒီနေ့ မှိုင်းနဲ့ နှစ်ယောက်ထဲလည်ရမည်ဖြစ်သည်မို့ မင်းခန့်နိုးထဲက တက်ကြွနေမိသည်။ဒါတောင် အလည်မလေးက ဟင်္သာကိုရအောင်ခေါ်နေသည်ဖြစ်ရာ ဟင်္သာကလဲ မအားလို့ လိုက်လို့မရခြင်း။ဒါဟာ တိုက်ဆိုက်ခြင်းမျိူးမဟုတ်ပဲ ကြိုတင်စီစဉ်ထားသည်ကို သိပါမူ စိတ်ကောက်မှာအသေအချာ...။

Ring Ring Ring

လရောင်စားပွဲရှိဖုန်းလေးမြည်လာရာ ကြည့်လိုက်တော့ 'Min Khant'ဆိုတဲ့ contact ‌ကြောင့် ကိုင်လိုက်သည်။

"ဟယ်လို မှိုင်း ကိုယ်အိမ်ရှေ့ရောက်နေပြီ"

မှိုင်းပြတင်းပေါက်က ကြည့်လိုက်ရာ မင်းခန့်က ဆိုင်ကယ်နဲ့လာတာမဟုတ်ပဲ စက်ဘီးနဲ့လာခြင်းသာ။

"အင်း ဆင်းလာခဲ့မယ်"

"ကိုယ်စောင့်နေတယ်"

Ti ti ti

လရောင် ကစားကွင်းသွားမည်ဆိုသောကြောင့် ဂျင်းဘွိုင်လာကို nickအဖြူရောင်နှင့် တွဲဖက်ဝတ်စားထားသည်က ပေါ့ပေါ့ပါးပါးရှိလှသည်။ခြံတံခါး ဖွင့်တော့ စက်ဘီးကိုမှီရပ်နေပြီး လရောင်တို့အိမ်ဘက်ကိုမျက်နှာမူထားသည့် မင်းခန့်ကလဲ ဒီနေ့မှ တစ်မျိုးထူးခြားစွာ ရှပ်အနက်ကို ဂျင်းဘောင်းဘီနဲ့တွဲဖက်ဝတ်ဆင်ကာ ပုံသွင်းထားနေကြ ဆံပင်တို့က ဒီနေ့မှ နဖူးတွင် ဟိုတစ်စဒီတစ်စကျနေပြီး အမြဲတမ်းတွန့်ချိုးထားသည့် မျက်ခုံးတွေဟာလဲ ဖြောင့်တန်းစွာ...တည်တံ့လွန်းတဲ့ မင်းခန့်မျက်နှာမှာ ပေါ်လွင်နေသည် အပြုံးရေးရေးတို့ကလဲ ဆွဲဆောင်နိုင်ကာ လရောင်ခနတာ ငေးကြည့်နေမိသည်။

"ဟိတ်ကောင်မလေး ကိုယ်ကအဲ့လောက်ချောလို့လား စိုက်ကြည့်နေတာ"

"ဟမ်..မဟုတ်ပါဘူး အမြင်ကပ်လို့"

"ဟား..ဟား"

အခု မင်းခန့်ရယ်လိုက်တာလား အသံကျယ်စွာ ရယ်ဖို့မပြောနဲ့ ပြုံးဖို့တောင် ခက်ခဲနေသည့်သူက ရယ်လိုက်ရင် ပိုပြီးဆွဲဆောင်မှုရှိမှန်းမသိခဲ့ဘူး။မြင်နေကျ ပုံစံမဟုတ်သည့်အတွက် လရောင် ရင်ဘတ်ရဲ့ ဘယ်ဘက်ခြမ်းက အကောင်ငယ်လေးဟာလဲ ခုန်ပေါက်နေသည်ကို မေ့ထားလို့မရပါ။

You've reached the end of published parts.

⏰ Last updated: Nov 12 ⏰

Add this story to your Library to get notified about new parts!

Red ribbon(or)ကံကြမ္မာရေးတဲ့ဖူးစာWhere stories live. Discover now