Chapter 60
May 21, 2024
♎️Chapter 60ဆရာဝန်: "ဒါဆိုရင် နောက်ပိုင်း မင်းပါတနာရဲ့ဖယ်ရိုမုန်းပဲသက်ရောက်တော့မှာ...အခြားဖယ်ရိုမုန်းတွေကမင်းအပေါ်သက်ရောက်မှုမရှိနိုင်တော့ဘူး...အိုမီဂါတွေအကုန်အတူတူပဲ...မင်းကသူတို့ထက်လွတ်လပ်နေတာလေးပဲရှိတာ..."
ဖုယွမ်ကျိုး: "တစ်နည်းမှအသုံးမဝင်ရင်ရော..."
"မင်းနဲ့လိုက်ဖက်မယ့် အယ်လ်ဖာပါတနာကိုရှာဖို့ငါအကြံပေးချင်တယ်...မင်းလုံးဝအမှတ်အသားမလုပ်ချင်ရင်တောင် ယာယီအမှတ်အသားလုပ်ပြီး ပုံမှန်လိင်ဆက်ဆံနေရင်အဆင်ပြေတယ်..."
"မင်းရဲ့ဖယ်ရိုမုန်းအာရုံခံမှုကမြင့်နေတာကြောင့် မင်းကအရမ်းတက်ကြွမှုရှိတယ်လို့ပြနေတယ်..ဖယ်ရိုမုန်းတွေကလည်း ကြာရှည်ရှိနေမယ့်အခက်အခဲတစ်ခုပဲ...တက်ကြွမှုလွန်ကဲတာက မင်းခန္ဓာကိုယ်ရဲ့လုပ်ဆောင်ပုံကိုအရှိန်မြှင့်ပေးတယ်...တားဆေးတွေကလည်းအသုံးမဝင်နိုင်ဘူး...".
"တစ်ခုထပ်ပြီးသတိပေးစရာရှိသေးတယ်...မင်းနဲ့သင့်တော်မယ့်အယ်လ်ဖာကိုပဲရွေးရမယ်...ဖယ်ရိုမုန်းတုံ့ပြန်မှုမြင့်တဲ့အိုမီဂါတွေအတွက် အယ်လ်ဖာဖယ်ရိုမုန်းတွေကိုမှီခိုရတာကလွယ်ကူတယ်လေ.."
"မင်းတစ်ခါ အမှတ်အသားလုပ်လိုက်ပြီဆိုတာနဲ့ ယာယီအမှတ်အသားဖြစ်ဖြစ်...ခိုင်မာတဲ့အမှတ်အသားဖြစ်ဖြစ်..တဖက်ကဖယ်ရိုမုန်းတွေကို ကာကွယ်ထားဖို့လွယ်တယ်..."
"မင်းရဲ့ဆေးစစ်ချက်ပရောဂျက်ပြီးသွားရင် မင်းဖယ်ရိုမုန်းတုံ့ပြန်မှုလွန်ကဲနေတဲ့အတိုင်းအတာကိုသိရအောင် စစ်ဆေးကြည့်ဖို့ ဆရာစာရင်းသွင်းစေချင်တယ်..."
"......"
ဖုယွမ်ကျိုးက ဆရာဝန်စကားအတိုင်း ရုပ်ပိုင်းဆိုင်ရာဆေးစစ်ပြီးသည်နှင့် ကျောင်းကိုပြန်မသွားသေးသော်လည်း အတန်းပိုင်တာ့ယန်ကိုခွင့်တောင်းပြီး နောက်ထပ်ဆေးစစ်မှုအချို့ကိုလုပ်ခဲ့သည်။ ထိုသူက သူတစ်ခုဖြစ်နေမည်ကိုစိုးရိမ်၍ မေးလာသည့်အခါ ဖုယွမ်ကျိုးရင်ကနွေးထွေးသွားရသော်လည်း သူလည်းအခြေအနေကိုရှင်းပြ၍မဖြစ်ပေ။
YOU ARE READING
အ်ိုမီဂါအဖြစ်မွေးဖွားလာပြီးနောက်အားလုံးကငါ့ကိုလိုချင်နေကြတယ်
RomanceTitle - After regenerating into an omega, everyone is dying to marry me Omega အဖြစ် မွေးဖွားလာပြီးနောက် အားလုံးက ငါ့ကို လိုချင်နေကြတယ် Description 💥 ဖုယွမ်ကျိုးသည် မိသားစုကိုသစ္စာဖောက်ခဲ့ပြီး စက်ဆုပ်ရွံရှာဖွယ်ရာလူသားတစ်ယောက်ဖြစ်လာခဲ့သည်။ သူသိလို...