Intro

19 3 0
                                    

ဒေါင်!ဒေါင်!ဒေါင်!

စီးချက်ညီညီနှင့်ထွက်လာသည့် ဂေဟာဧည့်ခန်းထဲကနာရီသံ

'ဒါဆိုဘယ်နှနာရီလဲ'

သူ့ခေါင်းပေါ်မှာရှိနေသည်နာရီကြီးကိုမော့ကြည့်လိုက်
သည့် နာရီထဲမှာတော့လက်တံလို့ခေါ်ကြသည့်အချောင်းလေးတွေကတစ်ထစ်ခြင်းရွေ့လျားနေသည်။

ဘယ်နှနာရီလဲဆိုတာ သူမသိပါ။
ဒါပေမယ့်နာရီဆီမှအသံထွက်လာတိုင်းနာရီကိုမော့ကြည့်ဖြစ်ပါသည်။

' ဘယ်နှနာရီလဲဆိုတာကိုသိနိုင်ရင် ငါ့ကိုချစ်လာကြမှာလားမသိဘူး '

ဂေဟာသေးသေးလေးထဲမှ ကလေးငယ်တစ်ယောက်ရဲ့အချစ်ခံချင်ပါသည်ဆိုသည့်ခေါင်းစဥ်အောက်ကအတွေးဖြူလွှလွှလေးတွေ...

လိုအပ်ချက်ကြောင့်အချစ်မခံရပါဘူးဆိုသည့်အတွေးကိုဘယ်သူတွေကကလေးငယ်ရဲ့ခေါင်းထဲကိုရိုက်သွင်းခဲ့ပါလိမ့်...
တွေးတဲ့အတွေးနဲ့အသက်အရွယ်တွေဟာမညီမျှလိုက်လေခြင်း။

သူ့နည်းတူဂေဟာထဲကတစ်ခြားသူတွေလည်းတွေးဖူးမှာပါ။

မိဘမဲ့ဂေဟာကျောင်း တစ်ခု၏ မနက်လင်းချိန်သည် ပုံမှန်နေ့များကဲ့သို့ပင် သို့ပေမယ့်အနည်းငယ်တော့နာကျင်စရာ ကောင်းနေလိမ့်မည်။ မိဘမရှိသော ကလေးများအတွက် မိဘမဲ့ကျောင်းဟူသည်မှာ နေစရာအိမ်ဟု သတ်မှတ်ထားသည့်နှယ်။ မနက်ခင်းတိုင်း ဂေဟာက ကျွေးနေကျဖြစ်သော မုန့်သရေစာများဟာ ကလေးများအတွက် အင်အားဖြစ်စေသည့်နှယ် သို့ပေမယ့် တစ်ခါတစ်လေများသူတို့လေးတွေလိုအပ်တာကမုန့်ထုပ်တွေ/အအေးဘူးတွေ မဟုတ်ပဲ နွေးထွေးတဲ့ရင်ခွင်တစ်ခုဆိုတာကိုသိပေးကြရင်သူတို့လေးတွေရဲ့မျက်နှာလေးတွေဟာကြည်ကြည်လင်လင်နဲ့ပြုံးနိုင်ကြမယ်ထင်ပါရဲ့။
အခုတော့တစ်ချို့ပန်းကလေးတွေဟာအနည်းငယ်နွမ်းလျနေလေရဲ့။

မိဘမဲ့ကျောင်းမှကလေးများသည်တစ်ချို့က မိဘများက စွန့်ပစ်၍ ရောက်ရှိလာကြသည်/တစ်ချို့ကမိဘ၂ပါးလုံးဆုံးပါးသွား၍စောင့်ရှောက်ပေးမယ့်သူမရှိသဖြင့်ရပ်ကွက်ကလာအပ်သွားတာလဲရှိသည်/တစ်ချို့ဆိုလည်းဂေဟာရှေ့မှာလာပစ်သွားသည်ကရှိသေးသည်။ မိဘမဲ့ကလေးများ၏ အလိုချင်ဆုံး ဆန္ဒမှာ ဟင်းကောင်းကောင်းစားချင်တာ မဟုတ်ဘဲ ခေါ်ယူမွေးစားမည့် သူကိုသာ လိုချင်တာဟာ မိဘမဲ့ကလေးတွေရဲ့ အဖြစ်ချင်ဆုံး ဆန္ဒပါ။ တစ်ခါတစ်လေ ခေါ်ယူမွေးစားမည့်သူများ ရောက်လာခဲ့လျှင် ' ငါ့ကိုများရွေးသွားမှာလား' လို့ ကလေးတွေက ရင်တထိတ်ထိတ်နဲ့ စိုးရွံ့စွာ မျှော်နေမိတတ်သည်။ဒါတွေဟာဖြူစင်သောတပ်မက်မှုတွေရယ်ပါ။

Attachment and Knot (Ongoing )Where stories live. Discover now