အပိုင်း၁

10 1 0
                                    

အပိုင်း၁

"အာကာ သား ဖြေးဖြေးသွားနော်..."

အိမ်ထဲကအထွက် အမေက သူ့ကိုဂရုစိုက်ဖို့ပြောတော့ အာကာ အမေ့ကို အရင်ပြုံးပြလိုက်ပြီး

" ဟုတ်ကဲ့ပါခင်ဗျာ ဒီကကျွန်တော့်မေမေသာ အေးအေးဆေးဆေး အိမ်မှာနေခဲ့ပါဗျ သားကိုစိတ်ပူစရာမလိုပါဘူး သားသိပါတယ်အမေရဲ့ "

" ဟုတ်ပါပြီ ဟုတ်ပါပြီ သွားသွားသားလေး တော်ကြာနောက်ကျနေမယ် "

' ဟုတ် သွားပြီနော် '

တက္ကသိုလ်ဆိုတာ သူတက်ခဲ့တဲ့ကျောင်းလိုမျိုးအချ်န်အတိအကျနဲ့အသွားအပြန်လုပ်ရတဲ့ကျောင်းမဟုတ်တာကိုအမေမသိသေး။
ညရောက်မှပဲအမေ့ကိုပြောပြရမည်။

အာကာ ဆိုသည်က သာမန်ရပ်ကွက်လေးတစ်ခုမှ မွေးဖွားလာသော သူဖြစ်သည်။ ငယ်ငယ်ကတည်းက အမေတစ်ခု၊ သားတစ်ခု နေထိုင်ရသူလည်းဖြစ်သည်။
အာကာ ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ရပ်ကွက်ထဲကလူတွေအရင်ဆုံးသတိရမိတာက သူ့ရဲ့ခပ်တည်တည်နေတတ်တဲ့ပုံစံလေးကိုပါ။

အာကာက တက္ကသိုလ်စတက်ခါစလူပျိုပေါက်လေးပေ
မယ့် အနေအထိုင်ကတော့တကယ်တည်တံ့သည်။
သူဒီလိုအနေတည်တာကတော့သူဖြတ်သန်းလာရတဲ့ပတ်ဝန်းကျင်ကြောင့်လည်းဖြစ်လိမ့်မည်။

အာကာတို့နေတဲ့ရပ်ကွက်ကသာမန်တစ်နေ့လုပ်တစ်နေ့စားလူတွေနေတဲ့ရပ်ကွက်​လေးဖြစ်ပေမယ့်အစွန်အဖျားအနည်းငယ်ရောက်နေတာကြောင့် ရပ်ကွက်က ထင်သလောက်လူမသန့်၊ အချိန်တိုင်းမူးရူးနေတတ်သူတွေလဲရှိသည်။ သူတို့ရပ်ကွက်က အောက်ခြေလူတန်းစားတွေလဲအနေများတာကြောင့် စရိုက်ကြမ်းတဲ့သူတွေလဲရှိသည်။ ပိုဆိုးသည်မှာ အာကာ့အမေက ကလေးအမေအသက်၄၀ကျော်သာဆိုသည် ယခုအချိန်ထိလှနေတုန်းပင်၊ တစ်ချို့ရိသဲ့သဲ့လာလုပ်နေသူတွေကလည်းရှိသည်။ ဒါကလည်းအာကာအနေအထိုင်တည်တံ့နေရခြင်းအကြောင်းအရာများထဲတွင်ပါဝင်နေသည်။
အမေတစ်ခုသားတစ်ခုဆိုတော့ အမေဖြစ်သူကိုသူကပဲကာကွယ်ပေးနိုင်သည်။

အာကာတို့က ဆင်းရဲပေမယ့် ၆ တန်းနှစ်လောက်က စ၍ အစိုးရကျောင်းမှ ကိုယ်ပိုင်ကျောင်းကို ပြောင်းနိုင်ခဲ့သည်။ အမေ့ကို မေးကြည့်တော့လည်း အမေက ကျောင်းကစာတော်လို့ ကျောင်းပြောင်းပေးတာဟု ပြောခဲ့သည်။ အာကာကလည်း အမေ၏ ပိုက်ဆံ ကုန်မည်စိုးရိမ်သောကြောင့် ကိုယ်ပိုင်ကျောင်းကို မတက်ချင်ခဲ့ပါ။ အမေကတော့ ထိုကျောင်း၌ တက်ရသည်က ပိုက်ဆံမကုန်ကြောင်းကိုတဖွဖွ ပြောပြမှ သူတက်ဖြစ်ခဲ့လေသည်။ ယခုဆိုလျှင် ထိုကျောင်း၌ တက်ခဲ့သည်က ၆ တန်းနှစ်က စ၍ ဆယ်တန်းအောင်သည်အထိ၊  ယခုအာကာ တက္ကသိုလ် ပထမနှစ်ကို ရောက်သည်။
.
.

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: 9 hours ago ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Attachment and Knot (Ongoing )Tempat cerita menjadi hidup. Temukan sekarang