အပိုင်း ၅ Unicode

198 40 7
                                    

"ချဉ်းကပ်ခြင်း"


စူးရိချန်က ဖေးစူးယွဲ့ကို ကြောင်ပြီးကြည့်နေသည်။

ဖေးစူးယွဲ့ရဲ့လှပတဲ့မျက်လုံးတွေက သူ့ကို‌ ငေးကြည့်နေပြီး အလွန်အမင်း စိတ်လှုပ်ရှားနေပုံလည်းပေါ်နေသည်။ သူက စူးရိချန်ဆီ ဖြည်းညင်းစွာလျှောက်လာကာ ရှည်လျားသောမျက်တောင်တွေက အနည်းငယ်တုန်ယင်နေသည်။ သူ့ရှေ့ကလူကို ရဲရဲမကြည့်ဝံ့သလိုမျိုး အကြည့်တွေကို အောက်ပို့လိုက်သည်။

နှုတ်ခမ်းပါးတို့က လှုပ်ရှားသွားပြီး သူသာကြားနိုင်လောက်သည့်အသံဖြင့်ပြောလာသည်။

"ကိုယ့်ကို မမှတ်မိလည်း ကိစ္စမရှိဘူး..ကိုယ်မှတ်မိနေသ၍အဆင်ပြေတယ်"

လရောင်လွှမ်းနေသလိုမျိုး ဒီလိုတောက်ပတဲ့အလှမျိုးက အကြည့်လွှဲဖို့ခက်လောက်အောင်ပင်။

သို့ပေမယ့် သူ့စကားတွေကတော့ စူးရိချန်ကိုစိတ်ရှုပ်ထွေးစေသည်။ သူ ဖေးစူးယွဲ့ကို ထူးဆန်းသလိုကြည့်လိုက်ပြီး ဆက်ပြီး သရုပ်ဆောင်ချင်စိတ်တောင်မရှိတော့ပေ။

ဖေးစူးယွဲ့ ဘာတွေပြောနေတာပါလိမ့်။ သူတို့က ‌တစ်ကျောင်းတည်းသားတွေဆိုပေမယ့် အချင်းချင်းမသိခဲ့ကြဘူးမဟုတ်လား။

စူးရိချန်မှာ ဖေးစူးယွဲ့နဲ့ပတ်သက်တဲ့မှတ်ဉာဏ်မျိုး မရှိပေ။

စူးရိချန်ရဲ့စိတ်ရှုပ်သွားတဲ့အမူအရာကိုကြည့်ရင်း ဖေးစူးယွဲ့ မျက်တောင်တဖျပ်ဖျပ်ခတ်မိသွားသည်။ သူ့မျက်ဝန်းထဲက စိုစွတ်တဲ့အရိပ်အယောင်တွေ့လိုက်ရတော့ စူးရိချန်တစ်ယောက် တခါက သူများကိုပေးခဲ့ဖူးတဲ့ လမ်းဘေးခွေးတစ်ကောင်ရဲ့ဝိုင်းစက်ပြီး စိုစွတ်သောမျက်လုံးတွေကို သတိရမိသွားသည်။

စူးရိချန်က အတက်အကျမရှိတဲ့အသံနဲ့ မေးလာသည်။

"ကျွန်တော့်ကို ဘာများပြောချင်‌လို့လဲ"

သူ ဖေးစူးယွဲ့ရဲ့ရည်ရွယ်ချက်ကို မသိရတာကြောင့် တဆင့်ချင်းသာ ချဉ်းကပ်နိုင်သည်။ ဖေးစူးယွဲ့သာ အာဏာပြချင်တာဆိုရင် ဘယ်လိုပုံစံလုပ်လာနိုင်မလဲ။

အစားထိုးလေးနဲ့ ချစ်ကြိုက်မိခြင်း Where stories live. Discover now