အပိုင်း ၁၀ Unicode

168 34 8
                                    

"ကိုယ် မင်းကိုနမ်းချင်တယ်..စူးစူး"


ကုချင်းကျိုး၊ ကျောက်စီချန်နဲ့ လုမင်ချန်းတို့ပါ အောက်ထပ်သို့ဆင်းလာကြသည်။ အသင့်ပြင်ထားသည့်မနက်စာကိုမြင်တာနဲ့ အပြေးအလွှားလာကြပြီး ထိုင်ကာ အနည်းငယ်မြည်းစမ်းပြီးနောက် စားကောင်းကြောင်း ခေါင်းညိတ်ထောက်ခံလာကြသည်။

လူတိုင်း နေရာမှာ ဝင်ထိုင်လိုက်ကြသည်။

ကုဟန်ကျိုးက တစ်လုတ်စားကြည့်ပြီး မျက်မှောင်ကြုပ်သွားသည်။ သူက စူးရိချန်ကို တချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလာသည်။

"ဒီနေ့ပြင်ထားတဲ့မနက်စာက ဘာလို့အရင်နေ့တွေနဲ့ မတူရတာလဲ"

စူးရိချန် မတက်သာပဲ ဖေးစူးယွဲ့ကိုကြည့်မိလိုက်သည်။

ကုချင်းကျိုးက ဇဝေဇ‌ဝါဖြစ်ဟန်ဖြင့်

"မတူဘူးလား...အရင်လိုပါပဲ"

ကုဟန်ကျိုးရဲ့အကြည့်တွေနက်မှောင်လာပြီး စူးရိချန်ကိုကြည့်လာတာကြောင့် စူးရိချန် စိတ်မသက်မသာဖြစ်လာလေသည်။ ကုဟန်ကျိုးက လက်ထဲကမနက်စာကို ပန်းကန်ပြားပေါ် ပစ်ချတော့မည့်ဟန်ပြုကာ အေးစက်စွာအမိန့်‌ပေးလာသည်။

"မင်း သွားပြန်လုပ်လာခဲ့"

လူတိုင်းအသံတိတ်သွားပြီး စူးရိချန်ကိုပဲကြည့်နေကြတာကြောင့် အလွန်အမင်း နေရခက်သလိုခံစားလာရစေသည်။

ထိုအချိန် ဖေးစူးယွဲ့က ပေါ့ပါးစွာပြုံးပြီး လေထုတင်းမာမှုကို ဖြေလျှော့ပေးလာသည်။

"တခြားသူတွေရဲ့မနက်စာကို စူးရိချန်ပြင်ပေးထားတာဆိုပေမယ့်...ဟန်ကျိုးကောရဲ့မနက်စာကိုတော့ ကျွန်တော်ကိုယ်တိုင်ပြင်ပေးထားတာပါ...အရသာမရှိလို့လား"

ဖေးစူးယွဲ့ရှင်းပြတာကိုနားထောင်ပြီးနောက် လူတိုင်းက ရယ်မောကာ စနောက်လာတော့သည်။

"စူးစူးလုပ်ပေးထားတဲ့မနက်စာက သေချာပေါက် အရသာရှိမှာပေါ့...ဟန်ကျိုးကောအတွက် အထူးတလည်ပြင်ပေးထားတာဆိုမှတော့ ပြောဖို့လိုသေးလား"

"ဒါပေါ့ စူးစူးလုပ်ပေးထားတဲ့မနက်စာက ငါတို့ပန်းကန်ထဲကဟာတွေနဲ့တော့ ဘယ်လိုလုပ် ယှဉ်လို့ရမလဲ" လုမင်ချန်းက ပြုံးကာပြောလာသည်။

အစားထိုးလေးနဲ့ ချစ်ကြိုက်မိခြင်း Where stories live. Discover now