ဆောင်းဟန်ဘင်း!!!!!!

6 0 0
                                    

နောက်ဆုံးမှာတော့ ကျန်းဟောက် ဂီတ ကလပ်ကိုသာ ဝင်ဖို့ ဆုံးဖြတ်လိုက်
သည်။ solo အနေနဲ့ သို့မဟုတ် team အနေနဲ့လားတော့ သူမဆုံးဖြတ်ရသေးပါ။ တချို့တွေကတော့ team အနေနဲ့ရှိပြီးသားဖြစ်ပြီး တချို့တွေက ရန်ပုံငွေတွက်ဖြစ်စေ ဖျော်ဖြေပွဲရှိလာသည့်အခါမှသာ team အနေနဲ့ ဖျော်ဖြေကြတာလဲရှိသည်။

ဆော့မတ်သရူးကတော့ သူတို့ ကျန်းဟောက်ကို ကောင်းကောင်း မဆွဲဆောင်နိုင်ခဲ့ဘူးဆိုပြီး အားမလို အားမရ ဖြစ်နေခဲ့သည်။ တကယ်တော့ ကျန်းဟောက် ထိုနေ့က အံ့ဩမင်သက်ခဲ့ရတာ အမှန်ပင်။ မတ်သရူးအပေါ်ထားတဲ့ သူ့ရဲ့ သဘောထားကလဲ ပြောင်းလဲ စ ပြုနေတယ်ဆိုတာ ကျန်းဟောက်ကိုယ်တိုင်သာသိသည်။ ထို့နေ့က မြင်ကွင်းက သူ့စိတ်ထဲ စွဲထင်ကျန်ရစ်နေတုန်းဘဲဆိုတာကိုတော့ သူ ဝန်ခံမည် မဟုတ်ပါ။

ယခုဆို ကျန်းဟောက် ကိုယ်တိုင်တောင် သတိမထားမိပါဘဲ ဆော့မတ်သရူးနဲ့ တပူးပူး တတွဲတွဲ ဖြစ်လာခဲ့သည်။ နေ့လည်စာ စားချိန်တွေဆိုလဲ အတူ စားဖြစ်ကြသလို၊ ညနေ အသင်းလှုပ်ရှားမှုအတွက် အဆောင်ဘက် သွားရင်လဲ အတူတူ ဖြစ်လာသည်။

"ကျန်းဟောက် မင်းရဲ့ ဖုန်းနံပါတ် ငါ့မှာမရှိသေးဘူး"

"ငါ စာပို့ရတာကို ပိုသဘောကျတယ်"

"ဖုန်းဆက်ပြီးပြောလိုက်ရင် ပိုမမြန်ဘူးလား"

"မင်းနဲ့ငါက ဖုန်းခေါ်စရာလိုနေသေးတာလား"

ကျန်းဟောက်ရဲ့ တုံ့ပြန်မှုကြောင့် ဆော့မတ်သရူး ဆွံ့အသွားကာ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိတော့ပေ။
သူ့အတွေးထဲမှာတော့ သူငယ်ချင်းတွေကြား ဒီတိုင်း ဖုန်းနံပါတ်လေး လဲကြတာပင်၊ ဒါက ပုံမှန်ဘဲဖြစ်သည်။

ဆော့မတ်သရူး ငြိမ်သွားတာမြင်မှ ကျန်းဟောက်က လှည့်ကြည့်လာပြီး

"ငါပြောချင်တာက မင်းနဲ့ငါက ထိုင်ခုံချင်းလဲ ကပ်လျက်ဘဲ၊ အားလပ်ချိန်တွေမှာလဲ အတူရှိဖြစ်ကြတယ်လေ၊ အိမ်ပြန်ကြတဲ့အချိန်လေးဘဲ ငါတို့ မတွေ့ဖြစ်တာမလား၊ အဲ့ချိန်တွေမှာလဲ ငါနဲ့ မင်းက ပြောစရာထွေထွေထူးထူး မရှိဘူးလေ၊ အဲ့တော့ ဖုန်းဆက်စရာ အကြောင်းက ဘယ်လိုလုပ်ရှိမှာလဲ"

My other halfWhere stories live. Discover now