Unicode
''21 ရာစုမှာ အမြင့်ဆုံး IT နည်းပညာနဲ့ ပြုလုပ်ထားတဲ့ တောင်ကိုးရီးယားရဲ့ ပထမဆုံး တီထွင်မှုတစ်ခု ဖြစ်တဲ့ လူသားစက်ရုပ် ဖြစ်မြောက်ဖို့ ကျနော့်ဘက် နှစ်နဲ့ချီအောင် အချိန်ယူခဲ့ရပါတယ်...
ကြိုးစားခဲ့ရတဲ့ အားထုတ်မှုက နောက်ဆုံးတော့ အရာထင်လာခဲ့ပါပြီ ''
အစည်းအဝေး ဟောခန်းမတစ်ခုလုံးမှာ ကင်မ်နမ်ဂျွန်း၏ စကားသံအပြီး လက်ခုပ်သံများဖြင့် အလျှံအပယ် ပြည့်နှက်သွားတော့သည်။
"အိုး ကြားရတာ အရမ်း ဝမ်းသာပါတယ် နမ်ဂျွန်း...အဲ့လူသားစက်ရုပ်ကို ငါတို့ ကြည့်လို့ရပြီလား ! ''
စိတ်လှုပ်ရှားမှုများစွာဖြင့် ပြောလိုက်သော Company အဖွဲ့အစည်း၏ CEO ဂန်ဂျယ်ဟွန်း၏ စကားအပြီး နမ်ဂျွန်းမှာ ခပ်ရေးရေးလေး ပြုံးလိုက်ကာ
" အချောသတ် စစ်ဆေးမှုတွေ မပြီးသေးလို့ လောလောဆယ်တော့ ကြည့်ခွင့် မရပေမယ့်
စက်ရုပ်ရဲ့ ပုံစံကို ဟောဒီ projectorကနေ လူကြီးမင်းတို့ အကြမ်းဖျင်း ကြည့်ရှုလို့ ရပါပြီ ခင်ဗျာ "အခန်းမီးကို ပိတ်လိုက်သည်နှင့် နမ်ဂျွန်းမှာ Projector ကို ဖွင့်လိုက်သည်။
"Robot နာမည်ကတော့ J.ian 097 ...
သူ့ရဲ့ မျက်လုံးတွေကို 3D camera အမျိုးအစားတွေနဲ့ တည်ဆောက်ထားပြီးတော့ ဒီ အတွင်းပိုင်းမှာ laser ၊ radar ၊ ဒီအဝိုင်းက သူ့ရဲ့ အတွေးတွေ ၊ memories တွေကို စုဆောင်းထားတဲ့ memory storage ပါ ....လူသားနဲ့ မာကျောတဲ့ မျက်နှာပြင် ထိတွေ့မှုကို ခွဲခြားနိုင်အောင် ထိတွေ့မှု အာရုံခံစက်တွေကိုလည်း ထည့်ထားပါတယ် .... အနံ့တွေကို ခံနိုင်စွမ်းရှိတဲ့ စပထရိုမီတာလည်း ပါပါတယ်.....
တိုက်တေနီယမ် အသားတွေနဲ့ ထုဆစ်ထားတဲ့အတွက် J.ian 097 robotဟာ ဘယ်လိုမှ ဖျက်ဆီးလို့ မရနိုင်တဲ့ robotမျိုးပါ ... သူ့မှာ A 17 bionic fusion chip ပါဝင်ပြီးတော့ စီလီကွန် အသားရောင် ခြောက်မျိုးထိ ပြောင်းလဲနိုင်တယ်ဗျ .....
အခြေအနေအလိုက် လုပ်ဆောင်တတ်ပြီးတော့ အမြဲတမ်း ဆက်တိုက် ကိုယ့်ကိုယ်ကို
အဆင့်မြင့်တင်နေတဲ့ system မျိုးကိုလည်း သေချာ ထည့်ပေးထားတဲ့အတွက် အထူးတလည် programတွေ ထပ်ထည့်စရာ မလိုပါဘူး
YOU ARE READING
J.Ian 097 | Taekook |
FanfictionHello Master Kim Taehyung , I am J.Ian 097, your personal assistant robot. Top - Jeon Jungkook Bottom - Kim Taehyung [ Taekook fanfiction ]