Unicode
"ဒီကုထုံးကို ဆက်သွားချင်သေးလား "
"ဆက်မသွားဘူးဆိုရင်.... ဘာဆက်ဖြစ်မှာလဲ "
"ခုလို ပြောရတာတော့ စိတ်မကောင်းပေမယ့် အလွန်ဆုံး သုံးလပေါ့ "
ဆရာဝန်ဆီမှ ကြားလိုက်ရသော စကားလုံးများသည် လက်နက် အကူအညီ မလိုအပ်ဘဲ
ကင်မ်ထယ်ယောင်း ဟူသော ကောင်လေး၏
နှလုံးအိမ်ကို တစ်စစီ ကြေမွစေရန်
လုံလောက်ပါသည်။"ကျနော့်အဘွားကို ရအောင် ကယ်မယ် "
ခေါင်းကို အောက်စိုက်ထားလျက် ညိုးငယ်ကြေကွဲသော အသွင်ဆောင်သည့် ခပ်ငယ်ငယ် ကောင်လေးကို ကြည့်ကာ ဒေါက်တာ ချွဲမှာ လွန်စွာ သနားမိလျက် သက်ပြင်း ချလိုက်မိတော့သည်။
"ကောင်လေး ... ခုလို စကားတွေ မပြောချင်ပေမယ့် လူနာက ကင်ဆာ နောက်ဆုံးအဆင့် .... ဆက်ကုလည်း အကောင်းပကတိ ပြန်မဖြစ်လာနိုင်တော့ဘူး "
" ခင်ဗျားရဲ့ ဆိုလိုချင်တဲ့အဓိပ္ပါယ်က ကျနော့်အဘွားကို ဒီအတိုင်း သေခိုင်းလိုက်ပေါ့? ဟုတ်လား!! ခင်ဗျား ဆရာဝန်တစ်ယောက် ဖြစ်ရက်နဲ့ ဘာလို့ စကားကို လွယ်လွယ် ပြောရက်တာလဲ! !"
ထယ်ယောင်းမှာ ဝုန်းခနဲ မတ်တပ်ရပ်လိုက်ကာ ဆရာဝန်၏ ဂျူတီကုတ်အဖြူ အကျီစကို ဒေါသတကြီး ခပ်ကြမ်းကြမ်း ဆွဲကိုင်လိုက်၍ လှုပ်ယမ်းနေမိရင်း ခံပြင်းမှုများဖြင့် အော်ဟစ်မိတော့သည်။
မိမိ၏ အကျီစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော တုန်ယင်နေသည့် ကောင်လေး၏ လက်ချောင်းလေးများကို ဒေါက်တာချွဲမှာ ကရုဏာသက်စွာ ဆုပ်ကိုင်လိုက်ပြီး
"အရှိကို အရှိအတိုင်း ပြောတာပါ ကောင်လေးရယ် ... ဒီကုထုံးကို ရှေ့ဆက်သွားရင်လည်း သက်တမ်းကို ယာယီ ဆွဲဆန့်ထားရုံပဲ ရှိတာ... ဆရာဝန်တစ်ယောက်အနေနဲ့ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေကိုလည်း မပေးတတ်ပါဘူး ... မင်းလက်ခံနိုင်ဖို့ပဲ လိုတယ် ''
''မလက်ခံနိုင်ဘူး!! လုံးဝမလက်ခံနိုင်ဘူး!
အဘွားကို ကျနော် ဘယ်တော့မှ လက်မလွှတ်ဘူး ...ကုထုံးကို ဆက်သွားမယ် "
YOU ARE READING
J.Ian 097 | Taekook |
FanfictionHello Master Kim Taehyung , I am J.Ian 097, your personal assistant robot. Top - Jeon Jungkook Bottom - Kim Taehyung [ Taekook fanfiction ]