Part 2_ စိတ်ပျော့ညံ့ပြီး တစ်ကိုယ်ကောင်းဆန်အတ္တကြီးသည်

20 5 0
                                    

Chapter 2469

သူ့မိဘတွေသာချမ်းသာခဲ့ရင် သူ့ကိုယ်ပိုင်စီးပွားရေးတစ်ခုစဖို့ပိုက်ဆံရှိမှာ။

အဲ့တာဆိုသူ တခြားသူတွေထက် အောက်ကျနောက်ကျခံပြီး သူများဆီမှာအလုပ်ရဖို့ဦးညွှတ်နေစရာမလိုတော့ဘူး ။

လုကျင်း ဇိမ်ခံကားတွေမောင်းလာတဲ့သူတွေကိုမြင်တိုင်း မနာလိုဒေါသထွက်မိသည် ။
ဒါကြောင့်မို့ ဆိုရိုးစကားတောင်ရှိတယ်လေ မွေးဖွားရင်ကိုယ်ဝင်စားတဲ့ဘဝကိုသေချာရွေးချယ်ရမယ်လို့ ။
အရမ်းလှတဲ့ကောင်မလေးတွေ နံမယ်ကြီးဘရန်းတွေဝတ် သွားလာတာကိုတွေ့ရင် သကြားဖေဖေရှာထားတာ အရှက်မရှိချုစားနေတာဆိုပြီး တိတ်တခိုးရေရွတ်ပြောဆိုနေသေးသည် ။

ဒါပေမဲ့ သူမျက်လုံးကတော့ အဲ့ကောင်မလေးတွေကို ကော်လိုကပ်ထားသလို လိုက်ကြည့်နေတာသည် ။

လုကျန်းသည် စိတ်ပျော့ညံ့ပြီး တစ်ကိုယ်ကောင်းဆန်အတ္တကြီးသည်။
သူရဲ့ကြီးမားလှတဲ့ အတ္တကိုဒိုင်းအဖြစ်သုံးပြီး သူ့ရဲ့အသုံးမကျမှုတွေနဲ့ သိမ်ငယ်စိတ်ကို ဖုံးကွယ်ခဲ့သည် ။

လုကျင်းသည် သူကိုယ်တိုင် ဘာမှသောက်ဖြစ်ရှိအောင်မလုပ်ဆောင်နိုင်သော်လည်း သူ့အား ကမ္ဘာကြီးက ခွဲခြားဆက်ဆံသည်ဟုခံစားနေရသည် ။

ဒီလိုသောက်ဖြစ်မရှိတဲ့ အရှုံးသမားကတော့ မဆိုင်တဲ့သူ့မိဘတွေနဲ့ လူ့ပတ်ဝန်းကျင်ကြီးကို အပြစ်တင်ပြီးနောက်ဆုံး စနစ်တစ်ခုနဲ့ချိတ်ဆက်မိသွားသည် ။

ဒီ system ရဲ့အမည်ကတော့ " အလှလေးတွေကိုကျရှုံးအောင်လုပ်မယ့် system" ဟုခေါ်သည် ။

နံမယ်ကြည့်လိုက်တာနဲ့ အလှလေးတွေကိုရွေးပြီးဆွဲစားမဲ့ system ဆိုတာအသိသာကြီး ။

မိန်းကလေးတစ်ယောက်ကို သူ့အပေါ်ကျရှုံးအောင်လုပ်နိုင်လိုက်တာနဲ့ တဆင့်ပြီးတစ်ဆင့် ဘဝရဲ့အထွတ်အထိပ်ကိုရောက်ရှိသွားစေနိုင်သည်။

စနစ်က host တွေ့ဆုံခဲ့ရတဲ့ အမျိုးသမီးတွေကို စမ်းစစ်ပြီး အမျိုးသမီးတွေ ရဲ့ ရုပ်ရည် ၊ ကိုယ်လုံးကိုယ်ပေါက် နဲ့မိသားစုနောက်ခံတွေကိုကြည့်ပြီး အဆင့်သတ်မှတ်ပေးသည် ။

[နဉ်ရှု]Take down system: Realm_40 Where stories live. Discover now