"ဒါက Newsean entertainmentက producerလေ။အကိုတို့နဲ့ fieldတစ်ခုတည်းကပဲ""ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဗျ။Enhypen ကင်ဆောနူပါ"
"ကိုယ်သိပြီးသားပါ။တွေ့ရတာဝမ်းသာပါတယ် ဆောနူ"
ပြောပြီး လက်ကမ်းပေးလာတော့ ဆောနူလည်း ဝတ္တရားအရ လက်ဆွဲနှုတ်ဆက်လိုက်ရ၏။စိတ်ထဲမှာတော့ နေရခက်နေသည်။အခုက မန်ဘာတွေလည်းဘေးမှာမရှိတော့ ပိုဆိုး၏။
ဆောနူ DJနဲ့ခဏကပြီးတော့ စားပွဲဝိုင်းမှာ ခဏလာနားတဲ့အချိန် ဒီproducerဆိုတဲ့သူတွေက လာနှုတ်ဆက်ကြတာဖြစ်သည်..။"မသောက်ဘူးလား ဆောနူ။ခုနကတည်းက ဆောနူသောက်တာ မတွေ့မိလို့.."
"ဟုတ်ကဲ့ ကျွန်တော်သိပ်ပြီးမသောက်တတ်လို့ပါ.."
စကားစဖြတ်လို့ရမဲ့ပုံမပေါ်။ဆောနူထိုင်နေတဲ့ခုံနဲ့အနီးကိုပါ ထိုproducerဆိုတဲ့သူက ရွေ့လာ၏။သူ့ပုံစံကိုကြည့်ရတာတော့ ဒီတိုင်း သန့်ပြန့်တဲ့ရုပ်ရည်နဲ့ကြည့်ကောင်းတဲ့ပုံစံမျိုးပါပဲ။ဒါပေမဲ့ ဆောနူကို သိသိသာသာလာရောနေတာမျိုးတော့ သိပ်သဘောမကျပါ..။
"ဒါက alcoholသိပ်မပါဘူး။ဆောနူ သောက်ကြည့်မလား"
"ရပါတယ်ဗျ...ကျွန်တော်ဒီည...ဟင်!"
"ရပြီမလား"
"ဆောင်းဟွန်းဟျောင်း.."
အဖြစ်အပျက်တွေက မြန်ဆန်လွန်းသည်။ဆောနူဆီကမ်းပေးလာတဲ့ အရက်ခွက်ကို ကြားထဲကနေ ဆောင်းဟွန်းဟျောင်းကဖြတ်ယူကာ သောက်ပစ်လိုက်ခြင်းပင်..။တစ်စက်မကျန်အောင် မော့သောက်အပြီးမှာ producerဆိုတဲ့သူကို ရပြီမလား*ဆိုပြီး မျက်ခုံးပင့်ကာမေးလိုက်သေး၏။
"ပတ်ခ်ဆောင်းဟွန်း..?"
"ဟုတ်ကဲ့ ဆောနူကိုတောင်သိထားမှတော့ ကျွန်တော့်နာမည်ကိုလည်းသိထားသင့်တာပေါ့၊ဟုတ်တယ်မလား.."
"ဟျောင်း...တော်ပြီ.."
နှစ်ယောက်က ဆောနူကိုအလယ်မှာထားပြီး အကြည့်ချင်းပြိုင်နေကြတာမို့ ဆောနူ ဆောင်းဟွန်းဟျောင်းကိုပဲ အသံတိုးတိုးဖြင့် ထိန်းလိုက်ရသည်။ဒါလည်း မရပါ။ဆောနူကို သူ့ဘက်ရောက်သွားအောင်အထိ ဆောင်းဟွန်းဟျောင်းက ဆွဲခေါ်ပစ်သည်။ပြီးတော့ ဆောနူ့နားသယ်စပ်နားကို သူ့နှုတ်ခမ်းနှင့် ထိသည်ဆိုရုံထိကာ....