အတိတ်ကသက္ကရာဇ် part 1

1 0 0
                                    

အပိုင်း၁
     
       ‘‘ဟယ် မောင်မောင် နင်ကျောင်းကပြန်လာပီပေါ့ဟုတ်လား”
       
        ‘‘အင်း ဟုတ်တယ်လေ ငါဒီနေ့ကျောင်းပြေးလာတာ ဟီး” ဟု
စိမ်းအမေးကို မောင်မောင်ကအတတ်နိုင်ဆုံးမျက်နှာချိုသွေးကာ ဖြေလေသည်။
        
        ‘‘နင့်ငါ့အမေကိုသွားမပြောနဲ့နော် ငါ့နင့်အတွက်နက်ဖြန်ခရေပန်းကောက်ပေးမယ်ဟာ”
    
         ‘‘ဟင် တကယ်လား အာ့ဒါဆိုလည်းသွားမတိုင်တော့ပါဘူးလေ  ဒါနဲ့နင့်အမေကို ငါဟိုနေ့ဈေးထဲတွေ့တာ မျက်နှာကဖြူဖတ်ဖြူရော်နဲ့နေမကောင်းဘူးထင်တယ်နော်”
        
         ‘‘နေကောင်းပါတယ်ဟ ဟိုနေ့က
အမေ့ဆီမှာအပ်ထည်တွေများတာကိုအ
ကုန်ပီးအောင်လုပ်လိုက်တာလေ  အာ့တာကြောင့်လူကနည်းနည်းပင်ပန်းသွားတာ နင်လည်းစိတ်ပူမနေပါနဲ့”

       ‘‘အေးပါ ငါလည်းတီလေးကိုစိတ်ပူလို့မေးကြည့်တာပါ အာ့ဆိုငါသွားပီနော်”  ဒူးနားဝဲနေတဲ့ဂါဝန်လေးကိုမ,ကာစိမ်းတစ်ယောက်သူ့ခြံထဲဝင်သွားလေတော့သည်။

           မောင်မောင်နှင့်စိမ်းတို့သည်အိမ်ချင်းကပ်ရပ်ဖြစ်သော်လည်း
မောင့်မောင့်အမေရဲ့အနေအေးမှုကြောင့်သိပ်မခင်ကြပေ။
          မောင်မောင့်အမေ ဒေါ်ကလျာသီမှာလည်းအိမ်တွင်းကအိမ်ပြင်သိပ်မထွက်ပဲ အပ်ချုပ်ဆိုင်လေးဖြင့်သာ
တနိုင်တပိုင်အလုပ်လုပ်နေသူဖြစ်သည်။ ကျွန်တော့်အမေကလေ အရမ်းလည်းလှသလို တစ်ခါတလေကျရင်တော့အ,တယ်ဗျ ကျွန်တော့အဖေကတော့ ငယ်ငယ်လေးတည်းကဆုံးသွားတာလို့ပြောတာပဲ ဒီရပ်ကွက်ထဲကျွန်တော်တို့ငယ်ငယ်လေးတည်းက ရောက်လာတာလေ အရင်တုန်းကတော့
ကျွန်တော့အမေရဲ့အစ်မ ကြီးမေနဲ့သုံးယောက်ပေါ့ဗျာ ခုဆိုဆုံးသွားတာတောင်တစ်နှစ်ပြည့်ရော့မယ်

        ‘‘ဟဲ့ သား ဘာလုပ်နေတာလဲ ခြံစည်းရိုးကြီးကိုင်လို့ နေမပူဘူးလား လာခဲ့ အိမ်ထဲမြန်မြန်ဝင်” ဟု ဆိုကာ
မောင်မောင့်မိခင်က အိမ်ထဲမှလှမ်းအော်လေသည်။

      ‘‘ဟဲ့ ညိုရင့်ရောင် ” ဟု အမေက
ဒေါသတကြီးအော်တော့မှ ကျွန်တော်အသိဝင်လာခဲ့သည်။

         ‘‘ဘာတွေအတွေးလွန်နေတာလဲ နေပူလယ်ခေါင်ကြီးမှာ ကျောင်းပြေးလာပြန်ပီလား မင်း”

        ‘‘အမေကလည်း တစ်ခါတလေပါဗျာ ပီးတော့စာမေးပွဲကဖြေတော့မှာ စာလေ့လာဖို့ကျောင်းကပိတ်ပေးထားတာဗျ” ဟု ဆိုကာ အခန်းထဲဝင်သွားလေသည်။

       ‘‘မင်းနော် အချိုးတွေပြင် ဒီနှစ်အဆင့်တစ်မရရင် မင်းလိုချင်တဲ့
Cosmetics set မဝယ်ပေးပဲနေလိုက်မှာ‌နော်”

      ‘‘ဟာ အမေဗျာ ရစေရမယ်ဟုတ်ပီလား ဝယ်သာဝယ်ပေး” မောင်မောင်လည်းကျောင်းအင်္ကျီချွတ်ကာ ပုဆိုးတစ်ထည်တည်းနဲ့အိပ်လေတော့သည်။//

အမှားပါရင်ခွင့်လွတ်ပေးကြပါရှင့်
typing လုပ်ရတာအရမ်းပျင်းလို့အပိုင်းတိုသွားရင်တောင်းပန်ပါတယ်ရှင့်🧌

    
       

You've reached the end of published parts.

⏰ Last updated: 3 hours ago ⏰

Add this story to your Library to get notified about new parts!

အတိတ်က သက္ကရာဇ်🌷 (ongoing)Where stories live. Discover now