အပိုင်း၁
"သျှား၊ ခနစောင့်အုံး..."
သျှား...၊ သျှားဆိုသည်က သာမန်ရပ်ကွက်လေးတစ်ခုမှ မွေးဖွားလာသော သူဖြစ်သည်။ ငယ်ငယ်ကတည်းက အမေတစ်ခု၊ သားတစ်ခု နေထိုင်ရသူလည်းဖြစ်သည်။
မိုးရာသီ၏ ကျောင်းပထမဆုံးနေ့မို့ ညို့မှိုင်းနေတဲ့ ကောင်းကင်တစ်ခွင်၊ မဲမှောင်နေတဲ့ တိမ်ဆိုင်တွေကြောင့် သျှားက ကျောင်းထဲ အရင်ပြေးကာ ဝင်မိလေတော့၏။ ကျောင်းပေါက်ဝမှာတော့ အရပ်မပုမရှည်၊ ဗိုလ်ဆန်သော ရုပ်ရည်ရှိသော ကောင်လေးတစ်ယောက်၏ ခြေလှမ်းတွေက တုံဆိုင်းနေ၏။
ထိုကောင်၏ အသားအရေက ဖြူစွတ်လျက်ရှိပြီး အရပ်ကရှည်သည်။ မျက်လုံးတွေက အပြာရောင်မဟုတ်ဘဲ အညိုရောင်ကိုမှ သိသာစွာ၊ ဆံပင်ကိုတော့ ချစ်စရာကောင်းအောင် အလယ်ခွဲထားပြီး ဆံပင်ရှည်သည်။
လက်ထဲတွင်လည်း Made in Japan နာရီ အကောင်းစားကြီးကို ပတ်ကာထားသည်။ ဒါက ဗိုလ်ဆန်သော သူအတွက် ပိုက်ဆံတွေက ရေလိုဖြုန်းနိုင်ကြောင်း ကြွားချင်နေတာ..၊ အင်းလေ အဖေက ဗိုလ်ပဲဟာ။ အဖေက အီတလီနိုင်ငံသား အမေက မန္တလေးသူ ဆိုတော့လည်း သားဖြစ်သူက ဗိုလ်ဆန်နေပြီပေါ့။
သျှားကတော့ ထိုကောင်လေးအား ကြည့်ကာ မျက်မှောင်ကုတ်လျက်ဖြင့် နေနေတော့၏။ ကျောင်းပထမဆုံးနေ့မှာ Roll Call လွတ်လို့မဖြစ်တာ ထိုကောင်လေးသိနေသည်လေ။
သျှားတို့က ဆင်းရဲပေမယ့် ၆ တန်းနှစ်လောက်က စ၍ အစိုးရကျောင်းမှ ကိုယ်ပိုင်ကျောင်းကို ပြောင်းနိုင်ခဲ့သည်။ အမေ့ကို မေးကြည့်တော့လည်း အမေက ကျောင်းကစာတော်လို့ ကျောင်းပြောင်းပေးတာဟု ပြောခဲ့သည်။ သျှားကလည်း အမေ၏ ပိုက်ဆံ ကုန်မည်ဆိုးရိမ်သောကြောင့် မတက်ချင်ခဲ့ပါ။ အမေကတော့ ထိုကျောင်း၌ တက်ရသည်က ပိုက်ဆံမကုန်ကြောင်း ပြောပြမှ တက်ဖြစ်ခဲ့လေသည်။ ယခုဆိုလျှင် ထိုကျောင်း၌ တက်ခဲ့သည်က ၆ တန်းနှစ်က စ၍ ဆယ်တန်းအောင်သည်အထိ၊ ယခု တက္ကသိုလ် ပထမဆုံးနှစ် ရောက်သည်အထိပင်။
"သျှား မင်းဟာလေ...၊ ငါ့ကို အမြဲမစောင့်ဘူး!"
တက္ကသိုလ် ဂိတ်ပေါက်ဝမှ နေ၍ လှမ်းအော်တော့ သျှားက ပြုံးပြသည်။ မကြာပါ ထိုကောင်လေးက အနီးအနားသို့ ပြေး၍ လာတော့သည်။