Description
Unicode:
လီကျင်းရဲ့ နောက်ဆုံး ဝိဉာဉ်ကူးပြောင်းရမည့် တာဝန်က အစားထိုးခံ အမျိုးသမီးဇာတ်လိုက်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အမျိုးသားဇာတ်လိုက်သုံးယောက်ဆီက ညှင်းပန်းနှိပ်စက်ခြင်းကိုခံရမည်ဖြစ်သည်။ သူမ အငြိမ်းစားမယူခင်မှာ ဒီမသက်မသာဖြစ်စေပြီး တစ်ကိုယ်လုံးအားအင်တွေကို ဆုတ်ယုတ်စေမဲ့ ဇာတ်ကြောင်းကြီးကို ပြီးဆုံးစေရမည်တဲ့။
ကံကောင်းထောက်မစွာနဲ့ ဒီတစ်ကြိမ်မှာတော့ စနစ်ဆီက အထူးဆုတစ်ခုကို ရယူနိုင်ခဲ့တယ်။
"ဒီကမ္ဘာမှာ မင်းနာမည်နဲ့ လုပ်ထားတဲ့ ငွေပေးချေမှုမှန်သမျှကို မင်းကမ္ဘာအစစ်က ဘဏ်အကောင့်ထဲ ထည့်ပေးမယ် ဒီတာဝန်ပြီးသွားခဲ့ရင် မင်းနဲ့ အတူ ပိုက်ဆံတွေကို အငြိမ်းစားယူမဲ့ ကမ္ဘာဆီ ယူသွားနိုင်တယ်"
လီကျင်း: အင်း ကောင်းပြီလေ။ ^_^
အဲ့ဒီတော့ အေးစက်ပြီး အကြင်နာမဲ့ သည့် CEO က သူမဆီ ပိုက်ဆံပစ်ပေးလာပြီး သူမက အတုအယောင်သာဖြစ်ကြောင်းဆိုလာသည့်အခါ....
လီကျင်း၏ မျက်လုံးထဲ မျက်ရည်တွေဝဲလာခဲ့ပြီး: "ဘယ်သူက ရှင့်ရဲ့ ညစ်ပက်တဲ့ ပိုက်ဆံတွေလိုချင်လို့လဲ ရှင့်မှာသာ သတ္တိရှိရင် ကျွန်မနာမည်နဲ့ လှူပစ်လိုက်လေ"
"..." CEO က လီကျင်းနာမည်နဲ့ ယွမ်ဆယ်သန်းလှူပစ်လိုက်သည်။
ချမ်းသာပြီး ချောမောသော ကျောင်းမြက်ခင်းလေးက သူမကို သုံးယောက်အတွင်း အလဲထိုးပြမည်ဟု အငြိုးဖြင့် လောင်းသောအခါ -
လီကျင်းက ဆို့နင့်သော အသံဖြင့် " နင် ငါ့အပေါ် Hermes အိတ် တစ်လုံးပဲလောင်းတာလား? နင့်မိသားစု ဒေဝါလီခံသွားလို့လား?"
"..." ကျောင်းမြက်ခင်းလေး လီကျင်းနာမည်ဆီသို့ Hermes အိတ် ဆယ်အိတ်လောင်းလိုက်တော့သည်။
အကျော်ကြားဆုံး ရုပ်ရှင်ဧကရာဇ်က သူမကိုယ်သူမ online ပေါ်၌ ပေါ်လာစေသောအခါ.....
လီကျင်း မာနတရားကိုကိုင်စွဲထားလျက် " ကောင်းပြီလေ ရှင်သတ္တိရှိရှင် ကျွန်မနာမည်ကို #1 trending search ပေါ်မှာ သုံးရက်ကြာအောင် ရှိအောင်လုပ်လိုက်လေ"
"...." ရုပ်ဧကရာဇ်က #လီကျင်းဆိုသည့် hashtag အား ရှိနေစေရင် မီလီယံပေါင်းများစွာသုံးစွဲလိုက်လေရဲ့။
ဇာတ်ကြောင်း ပြီးသွားသောအခါ အမျိုးသားဇာတ်လိုက်သုံးဦးသည် နက်ရှိုင်းစွာကျရှုံးသွားကြတော့သည်။
အမျိုးသားဇာတ်လိုက်များ :ငါတို့ ဒီလို သန်မာရဲရင့်ပြီး ထူးခြားတဲ့အမျိုးသမီးကို မတွေ့ဖူးဘူး
လီကျင်း : ကျေးဇူးပဲ ကျွန်မက ကြွယ်ဝချမ်းသာအောင်လုပ်ရုံပါ
ဝိဉာဉ်ကူးပြောင်းငှာနမှ သူတို့ သူဌေးဟာ နာပါတ်၁ တာဝန်ထမ်းဆောင်သူ၏ လုပ်ဆောင်ချက်များကို စစ်ဆေးနေကြောင်းသိနေခဲ့သည်။ အောင်မြင်ထူးချွန်သော ယောက်ျားများက လီကျင်း ခြေရင်း၌ ဒူးထောက်ပြီး ပြန်လာရန် တောင်းပန်နေကြချိန်တွင် ထိုလူဟာ ကျက်သရေရှိလှသော ခြေလှမ်းများဖြင့် လုအုပ်ထဲမှ ထွက်လာခဲ့တော့သည်။
"ကိုယ်က သူတို့ထက်ပိုချမ်းသာတယ်လေ " ချောမောသော နတ်ဘုရားက ပြုံးပြီး သူ့လေသံကိုနှိပ်လိုက်ကာ "ကိုယ် မင်းနဲ့အတူ အနားယူလို့ရမလား"
- အမျိုးသားဇာတ်လိုက်မှာ အပေါ်တွင်ဖော်ပြထားသည့် ချောမောသော နတ်ဘုရားသာဖြစ်သည်။ မူရင်းအမျိုးသားဇာတ်လိုက်သုံးဦးမှာမူ အသည်းကွဲမည့်သူများသာဖြစ်သည်။

YOU ARE READING
အစားထိုးကြာပန်းဖြူမလေး : ချမ်းသာဖို့ တောင်းဆုပြုရုံပါ
عاطفيةဝိဉာဉ်ကူးပြောင်းငှာနမှ သူတို့ သူဌေးဟာ နာပါတ်၁ တာဝန်ထမ်းဆောင်သူ၏ လုပ်ဆောင်ချက်များကို စစ်ဆေးနေကြောင်းသိနေခဲ့သည်။ အောင်မြင်ထူးချွန်သော ယောက်ျားများက လီကျင်း ခြေရင်း၌ ဒူးထောက်ပြီး ပြန်လာရန် တောင်းပန်နေကြချိန်တွင် ထိုလူဟာ ကျက်သရေရှိလှသော ခြေလှမ်းများဖြင...