သူမ ဂျိန်းငယ် အနားမှာသာမရှိတော့ရင်...ဂျိန်းငယ်ရဲ့မိသားစုဒီလိုဖြစ်မှာမဟုတ်ဘူးLisa သည်အဲ့အတွေးဖြင့် သူကိုယ်သူအဆုံးစီရင်ဖို့ ဝရံတာဘောင်ပေါ်ကိုတက်လိုက်သည် သူခုန်ချဖို့တွေဝေနေတဲ့အချိန်မှာ သူမရဲ့အမဝမ်းကွဲဖြစ်သူ
Park Chaeyoung ရောက်လာခဲ့သည်"Lisa!! "
"အဲ့နေရာကအခုပြန်ဆင်းခဲ့ ဒါညီမလေးအမှားမဟုတ်ဘူးလေကွယ်"
"ဒါက Lisa အမှားတွေပါအမ Chaeyoung ဂျိန်းငယ်ရဲ့ဘဝထဲကိုသာ Lisa မသွားခဲ့ရင် ဂျိန်းငယ်ဒီလိုဖြစ်မှာမဟုတ်ဘူး Lisa က တကယ့်ကို လူသတ်သမားပါ"
Lisaသည် သူကိုယ်သူ ဂျိန်းငယ်ရဲ့အဖေကိုသတ်တဲ့လူသတ်သမားလို့ သူကိုယ်သူအပြစ်တင်နေခဲ့ပါတယ်
ထိုစဥ်....
Kim Lisaဝရံတာဘောင်ပေါ်ကနေခြေချော်သွားခဲ့တယ်
သူအမရဲ့အမဝမ်းကွဲဖြစ်သူ Park Chaeyoungမှသူမရဲ့လက်ကိုလှမ်းဆွဲလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် Kim Lisa တစ်ယောက် သူမရဲ့အမဝမ်းကွဲဖြစ်သူ Park Chaeyoungရဲ့ဘေးကိုသာသူမကျသွားခဲ့သည်။Now
.....လွန်ခဲ့သော 5 နှစ်ကအကြောင်းတွေကို kim Lisa တစ်ယောက်ပြန်တွေးနေခဲ့လေသည်
သူမရဲ့အမဖြစ်သူ Park Chaeyoung အပြင်ကပြန်ရောက်လာတဲ့အချိန်ကိုတောင်သူမသတိမထားမိခဲ့ပါဘူး
အိမ်အောက်ထပ်က Pakr Chaeyoung ရဲ့ခေါ်သံကိုတခဏအကြာမှ kim Lisa ကြားလိုက်ရတယ်"Lisa...."
"ဟုတ်.... အမ Chaeyoung"
"အမကို ပစ္စည်းလာကူသယ်ပေးပါအုံးကွယ် အမခေါ်တာနေတာကြာပြီ ဘာတွေဒီလောက်တောင်တွေးနေလို့အမခေါ်တာတောင်သတိမထားမိတာလဲကွယ်"
"လွန်ခဲ့တဲ့ 5နှစ်က အကြောင်းတွေပါ အမ"
ထိုသို့ပြောလာတဲ့ Kim Lisa စကားကြောင့် Park Chaeyoung တစ်ယောက်ငြိမ်သက်သွားသည်
ထိုစဥ် သူတို့အိမ်ခြံဝန်းမှာရပ်လိုက်တဲ့ကားသံကြောင့် သူမတို့နှစ်ယောက်ကြောင်သွားခဲ့သည်။သူမတို့နှစ်ယောက်လှမ်းကြည့်လိုက်တဲ့အချိန်မှာ ကားထဲကနေဝတ်စုံအပြည့်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ဆင်းလာခဲ့တယ် Park Chaeyoung တစ်ယောက်ထိုသူကိုလဲမြင်ရောချက်ချင်းဆိုသလိုပဲပြေးသွားပြီးဖက်လိုက်တယ်။