( Part 1 )

52 4 1
                                    


                         
"မောင့်ကိုသာ ဂျိန်းငယ် အဲ့နေ့ကအထင်မလွဲခဲ့ရင်ကောင်းမယ်"

သူမရဲ့အိမ်ဝရံတာလေးမှာမတ်တပ်ရပ်နေရင်းတွေးနေခဲ့တယ် လက်ထဲမှာလဲစီးကရက်ကိုကိုင်ထားခဲ့တယ်။

သူမကိုယ်တိုင်လဲမသိတော့ဘူး သူမ ဘယ်အချိန်ကစပြီးစီးကရက်ကိုအဲ့လောက်တောင်စွဲလမ်းသွားရတာလဲ အရင်ကစီးကရက်ဆိုရင်တောင်အနံ့တောင်မှမခံနိုင်တဲ့လူတစ်ယောက်ကနေ....

.........
5 yrs ago

"ဂျိန်းငယ်...ဂျိန်းငယ်....."

မိုးရေထဲမှာ Kim Lisa တစ်ယောက်သူစကားကိုဆုံးအောင်တောင်နားမထောင်ပဲအရှိန်နဲ့မောင်းထွက်သွားတဲ့ကားနောက်ဆီကိုပြေးလိုက်နေခဲ့ပါတယ် ဒါပေမဲ့ သူမ မမှီခဲ့ပါဘူး....

"ဂျိန်းငယ် မင်းမောင့်ကိုအထင်လွဲနေတာပါကွာ"

Kim Lisa ရဲ့ပါးပြင်မှာကျနေတဲ့မျက်ရည်စက်တွေဟာမိုးရေတွေနဲ့ရောထွေးနေခဲ့ပါတယ်.....

ဂျိန်းငယ် တစ်ယောက်ကားပေါ်မှာငိုကျွေးနေခဲ့တယ်...

"နေပါဦးငါကဘာလို့လဲ သူတို့မိသားစုကြောင့်ငါတို့မိသားစု စီးပွားရေးပျက်ရတာပဲ....ငါကဘာကြောင့်ဝမ်းနည်းနေရမှာလဲ...တနေ့ကျရင်နင်တို့လဲငါတို့မိသားစုလက်အောက်ပြန်ရောက်စေရမယ် ငါမိသားစုခံစားရသလိုနင်တို့လဲခံစားရအောင်ငါလုပ်ပြမယ်"

ဂျိန်းငယ်ရဲ့စိတ်ထဲမှာ နာကျည်းမှုတွေပဲပြည့်နှက်နေခဲ့တယ်

........
Now

Kim Lisa ဟာဝရံတာမှာစီးကရက်သောက်နေရာကနေသူမရဲ့အခန်းထဲကိုပြန်ဝင်လာခဲ့တယ်......

"Lisa အစ်မအပြင်သွားစရာလေးရှိလို့ သွားပြီနော်...စီးကရက်တွေလဲအရမ်းသောက်မနေနဲ့အုံးကျန်းမာရေးထိခိုက်မယ်"

"ဟုတ်...."

သူမ ကတော့ Lisa ရဲ့အစ်မဝမ်းကွဲဖြစ်သူ Park Chaeyoungပါ သူမသာ Lisa ကိုယ့်ကိုကိုယ်သတ်သေဖို့ကြိုးစားတဲ့အချိန်မှာမတားခဲ့ဘူးဆိုရင် Lisa လဲဒီလောကမှာရှိနေမှာတောင်မဟုတ်ဘူးတော့ဘူး....

…………
5 yrs ago

Kim Lisa တစ်ယောက် ဂျိန်းငယ် အထင်လွဲတာကိုမဖြေရှင်းနိုင်ခဲ့ဘူးဒီကိစ္စနဲ့ပတ်သတ်ပြီးသူ့ကိုသူအပြစ်ရှိသလိုခံစားခဲ့ရတယ်…..

ဂျိန်းငယ် နိုင်ငံခြားကိုထွက်သွားပြီးနောက်မှာသူမမိဘ‌  တွေဟာလဲငွေအလွဲသုံးစားလုပ်မှုနဲ့စွပ်စွဲခံခဲ့ရတယ်…

ထိုကိစ္စကြောင့် ဂျိန်းငယ်ရဲ့ အဖေဟာနှလုံးအ‌မာဖောက်ပြီး ဂျိန်းငယ် နိုင်ငံခြားထွက်သွားတဲ့နေ့မှာပဲသေဆုံးသွားခဲ့တယ်......

Kim Lisa ဟာနောက်ဆုံးတော့ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်….

သူမ ဂျိန်းငယ် အနားမှာသာမရှိတော့ရင်….

Part 1ကစာပိုဒ်တိုသွားရင်သည်းခံပေးပါနော်
ဆက်ပြီးကြိုးစားသွားပါ့မယ်💗

My Dear JaneWhere stories live. Discover now