ညခုနှစ်နာရီလောက်မှ ကိတ် အိမ်ပြန်ရောက်လာသည်။ရပ်ကွက်လမ်းလေးထဲ စက်ဘီးနင်းဝင်လာ
တယ်ဆိုရင်ပဲ ဟိုလူကမေး ဒီလူကမေးနှင့် ကိတ်
အိမ်ရောက်သည်အထိ အမေးအဖြေ လုပ်လာခဲ့
ရသည်။
အိမ်ရှေ့မှာ စက်ဘီးကိုရပ်လိုက်ပြီး စက်ဘီးကို
တွန်း၍ အိမ်ဘေးမှာ ရပ်လိုက်သည်။"ဟဲ့...သမီး ခြေထောက်မှာလဲ ပတ်တီးနဲ့ ဘာဖြစ်
လာတာလဲ"အဖိုးက အိမ်ရှေ့ရှိ ဝါးပက်လက်ကုလားထိုင်လေး
ပေါ်မှာထိုင်ကာ ဝါကျင့်ကျင့်မီးရောင်လေးအောက်
ဂျာနယ်ဖတ်နေရာမှ ကိတ်ကို လှမ်းကြည့်ပြီး မေးလိုက်သည်။
ကိတ် ဦးထုပ်ကိုချွတ်၍ ပစ္စည်းထည့်သည့် ပလက်
စတစ်ပုံးထဲကိုထည့်လိုက်ကာ ပုံးကို စက်ဘီးပေါ်က
သယ်လိုက်ပြီး အိမ်ဘက်ပြန်လာရင်းက"စက်ဘီးမှောက်လာတာအဖိုး..."
လူကြီးတွေ စိတ်ပူမည်ဆိုး၍ ကိတ် အကြောင်းစုံ
ပြောမပြတော့ပဲ နေလိုက်သည်။"ဆေးကော သေချာထည့်ထားရဲ့လား"
"ထည့်ထားတယ် အဖိုး... အဖေပြန်မရောက်သေး
တာလား"အိမ်ရှေ့မှာ ဆိုင်ကယ်မတွေ့ရ၍ ကိတ် မေးလိုက်
ခြင်းဖြစ်သည်။"ပြန်ရောက်ပြီးမှ ပြန်ထွက်သွားတာ ကယ်ရီလာငှား
လို့..""သြော်..."
ကိတ် ပလက်စတစ်ပုံးကိုသယ်ကာ အိမ်ပေါ်တက်လာ
ခဲ့သည်။
အဖွားက ဘုရားကျောင်းဆောင်ရှေ့မှာ ဘုရားဝတ်
ပြုနေသည်။အမေကတော့ မီးဖိုချောင်ထဲ ညစာ
အတွက် ဟင်းတွေပြန်နွှေးနေသည်။"အငယ်ကောင်ပြန်မရောက်သေးတာလားအမေ
ခုနှစ်နာရီထိုးနေပြီကို"" စာမေးပွဲနီးလို့ ဒီနေ့ ကိုးနာရီလောက်မှ ပြန်လာမယ်တဲ့ "
"ထမင်းကော စားသွားရဲ့လား"
ပုံးကို အိမ်ရှေ့ခန်းက ထရံနားမှာကပ်၍ ချထားလိုက်
ပြီး လက်အိတ်တွေချွတ်ရင်းမှ မေးလိုက်သည်။
ဒေါ်မြင့်သန်း ချဥ်ရည်အိုးကို မီးဖိုပေါ်ကချလိုက်ပြီး
ငါးဟင်းအိုးကို မီးဖိုပေါ်တင်လိုက်ရင်းမှ"စားသွားတယ် ရေချိုးပြီး ထမင်းပါ တစ်ခါတည်း
စားသွားတာ ""အင်း...စောစောစားသွားပြီးရင် ညကျ ဗိုက်ဆာ
တယ်လုပ်ဦးမယ်"
YOU ARE READING
My Sugar Lady Is A Little Crazy
Romanceပုထုဇနော ဥမ္မာတကောတဲ့။ ပုထုဇဥ်တိုင်းက တစ်နည်းမဟုတ်တစ်နည်း ရူးနေကြတာပဲ မဟုတ်လား။ ဒါပေမယ့် ကျွန်မရဲ့ ပုထုဇဥ်လှလှလေး ရူးပုံရူးနည်းကတော့ အရမ်းချစ်ဖို့ကောင်းတယ်။