မမလေးနဲ့ကျွန်မရဲ့ စတင်တွေ့ဆုံမှုက ကောင်းသော
တွေ့ဆုံခြင်းတော့ မဟုတ်ခဲ့ဘူး။
ရိုမန့်တစ်မဆန်ခဲ့သလို ၊ ကြည်နူးစရာပုံစံမျိုးလဲ
မဟုတ်ခဲ့ဘူး ။
သွေးထွက်သံယိုနဲ့ အလဲလဲအကွဲကွဲ ဖြစ်ခဲ့ရတဲ့
တွေ့ဆုံမှုမျိုး။
ဒါပေမယ့် အဲ့ဒီ့နေ့ကအဖြစ်အပျက်ကြောင့်ပဲ ကျွန်မ
တို့နှစ်ယောက်ကြားမှာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာဖို့ အကြောင်းဖန်လာခဲ့တာပေါ့။.............
အင်းလျားမြိုင်လမ်းမှ ရွှေတောင်ကြားလမ်းသွယ်(၂)ထဲသို့ ကားကိုချိုးကွေ့ဝင်ခါနီး ဖုန်းမြည်သံကြောင့် ဝသန် ကားမောင်းနေရာမှ ဖုန်းဆီ အာရုံရောက်သွားသည်။
ဖုန်းဆီကနေ လမ်းပေါ်သို့ အကြည့်ပြန်ရောက်သွား
တော့ လမ်းထဲကထွက်လာသည့် Deli ပို့သည့်
စက်ဘီးသမားတစ်ဦးကြောင့် သူ ကားစတီယာရင်ကိုလမ်းဘေးသို့ အလျှင်မြန် ဆွဲချလိုက်ရတော့သည်။ဒုန်း!
"အား..."
ဝုန်း!
ကားက လမ်းဘေး အုတ်ခုံကို ဝင်တိုက်မိသွားပြီး
တစ်ဖက်က Deli ပို့သည့် စက်ဘီးသမားကလဲ
ကားကိုရှောင်ရင်း ဟန်ချက်ပျက်ကာ စက်ဘီး
မှောက်သွားတော့သည်။ကားမှန်ကိုချလိုက်ပြီး ကားထဲက ခေါင်းပြူ၍
ရှေ့သို့ တစ်ချက်ကြည့်လိုက်သည်။သူမရဲ့ကားနဲ့ အုတ်ခုံစောင်းက အလှမ်းမဝေးပဲ
အနမ်းပေးတဲ့ အနေအထား ဖြစ်နေပြီ။ဝသန် ကားထဲကထွက်လာပြီး အုတ်ခုံနှင့် တိုက်မိ
သွားသည့် သူမရဲ့ကားအရှေ့ဘက်ကို အပြေး
အလွှားလေး သွားကြည့်လိုက်သည်။
ဝယ်ထားတာမကြာသေးသည့် သိန်းငါးထောင်ကျော်
တန်ကားကို ထိခိုက်မှု ကြီးကြီးမားမား မဖြစ်စေဖို့ ဆုတောင်းနေမိသည်။
ဆုတောင်းဆို ဒီကားကို အနည်းဆုံး တစ်နှစ်တော့
စီးပါမည်ဟု သူမဒယ်ဒီကို ကတိပေးထားသည်လေ။ဝသန် ဆုတောင်းမပြည့်ခဲ့ပါဘူး။
အုတ်ခုံနှင့်တိုက်မိသွားသည့်ဘက်ခြမ်းက ဘေး
ဘက်အလှမီးတန်း ကွဲသွားသည်။
ဆေးအနည်းငယ် ပွန်းသွားသည်။"F*ck"
ဝသန် ခြေတစ်ဖက်ကို ဆောင့်လိုက်ပြီး လက်တစ်
ဖက်က နဖူးကိုပွတ်နေကာ ကျန်လက်တစ်ဖက်က
ခါးကို ထောက်ထားလိုက်သည်။

YOU ARE READING
My Sugar Lady Is A Little Crazy
Romanceပုထုဇနော ဥမ္မာတကောတဲ့။ ပုထုဇဥ်တိုင်းက တစ်နည်းမဟုတ်တစ်နည်း ရူးနေကြတာပဲ မဟုတ်လား။ ဒါပေမယ့် ကျွန်မရဲ့ ပုထုဇဥ်လှလှလေး ရူးပုံရူးနည်းကတော့ အရမ်းချစ်ဖို့ကောင်းတယ်။