YHMG 01

82 16 5
                                    

"အရှင့်သား အဲလိုလုပ်လို့မဖြစ်ပါဘူး"

"ဘာလို့မဖြစ်ရမှာလဲ ခဏလေးပဲကို
လာ လာ မြန်မြန်သွားရအောင်"

"အရှင့်သားလို့... မိသွားရင် ကျွန်တော့်တို့ အပြစ်ပေးခံရလိမ့်မယ်"

"ဟာ.... မမိအောင်သွားမှာကို ချန်းယောင်းကလည်း
မြန်မြန်..မြန်မြန်.."

ဘယ်တုန်းကမှ သူမနိုင်ခဲ့သော အရှင့်သားရဲ့အလိုကို ချန်းယောင်း ဖြည့်ဆည့်ပေးရန်ဖြစ်လာရတော့၏။

နေ့ခင်းစာသင်ချိန်ပြီး၍ အဆာပြေသုံးဆောင်ရန် တစ်နာရီ အနားပေးထားသောအချိန်ကို အေးအေးဆေးဆေး နန်းတွင်းထဲ နားမနေဘဲ စျေးထဲလျှောက်ကြည့်ရန် အားသန်နေသော အရှင့်သား။

အရှင့်သားအဆိုအရ ဒီနေ့ စျေးထဲတွင် လူပြက်တို့ရဲ့ ဖျော်ဖြေပွဲတစ်ခုလည်း ရှိသည်တဲ့။ ဘယ်ကဘယ်လိုကြားလာလဲ ချန်းယောင်းလည်း မသိရပါ။

ကိုယ်ရံတော်တွေမပါဘဲ ဘယ်လိုလုပ်ပြီး အရှင့်သားနဲ့သူနဲ့နှစ်ယောက်တည်း သွားဖို့သင့်တော်ပါ့မလဲ။ တစ်ခုခုဖြစ်သွားရင် ဒုက္ခ။

နောင်ခါလာ နောင်စျေးပဲ မတတ်နိုင်တော့ချေ။
သူ့အလိုမလိုက်ပြန်ရင်လည်း ချန်းယောင်းကို စိတ်ဆိုးဦးမည်လေ။

ဆယ့်နှစ်နှစ်အရွယ် အိမ်ရှေ့စံလေးက တအားထိန်းရခက်၏။
ထိုဆယ့်နှစ်နှစ်အရွယ်အိမ်ရှေ့စံလေး၏ဒဏ်ကို ဆယ်နှစ်အရွယ် ချန်းယောင်းလေးက လူးလှိမ့်နေအောင်ခံရသည်။
အိမ်ရှေ့စံလေးတွင် တစ်နေ့တစ်မျိုးမရိုးနိုင်သော အကြံအစည်များအမြဲရှိနေတတ်သည်။

နန်းတွင်းအနောက်ဘက်တွင်ရှိသော ရေကန်တွင် ငါးဖမ်းရန်တို့၊ မက်မွန်ပွင့်တို့ပွင့်သော နွေဦးအစောပိုင်းတွင် အပွင့်တွေကြွေနေမှလှတယ်ဆိုပြီး အပင်ကို လှုပ်ရမ်းတာတို့။
ဒီနေ့လိုနေ့မျိုးမှာဆို စျေးထဲက လူပြက်ပွဲကို ခိုးထွက်ပြီး သွားကြည့်မယ့်အကြံမျိုးတို့။

အခုလည်း ကုန်းကုန်းကို စားဖိုဆောင်တွင် ကုန်းကုန်းကိုယ်တိုင်လုပ်ထားတဲ့ပဲနီလေးအစာသွပ်မုန့်ကိုမှ စားချင်ပါသည်ဆိုပြီး ပထုတ်ပစ်လိုက်သည်။
ကုန်းကုန်းသွားတာနဲ့ ချက်ချင်း အိမ်ရှေ့စံအဝတ်အစားကို သာမန်အရပ်သားအဝတ်သို့ လဲပစ်လိုက်၏။

Your Highness, My Guardian Where stories live. Discover now