I vow my love under the peach blossoms.
နန်းတက်ပြီး လေးနှစ်ကြာသည်အထိ မိဖုရားမြှောက်ရန်အကြောင်း စကားတောင်စမရသည့် ဘုရင်မင်းမြတ်ကြောင့် မှူးမတ်တွေ အတော်လေးခေါင်းခဲနေရ၏။
ဒီနေ့ ညီလာခံမှာတော့ သေချာပေါက် ဘုရင်မင်းမြတ်လက်ခံအောင် ပြောရန် အားလုံးတညီတညွှတ်တည်းလျှောက်တင်ရန် တိုင်ပင်ထားကြသည်။
"ဒီနေ့ ညီလာခံ ဒီမှာပဲနားမယ်"
"အရှင်မင်းကြီး မျိုးဆက်အတွက် မိဖုရားတော်ကောက်ဖို့ အချိန်လင့်နေပြီဖြစ်ကြောင်းပါဘုရား"
ဟိုတလော တင်ပြခဲ့တုန်းက
"ကိုယ်တော့်မှာ စီစဉ်ထားတာရှိတယ်" လို့ပြောခဲ့သည်မို့ မှူးမတ်တို့ ပါးစပ်ပိတ်နေခဲ့ကြသည်သာဖြစ်၏။ သို့သော်လည်း အခုထက်ထိ တုတ်တုတ်မျှမလှုပ်သော ဘုရင်မင်းမြတ်ကြောင့် သူတို့လည်း ဘယ်လိုမှ မတတ်နိုင်ဘဲ ထပ်မံလျှောက်ထားရတော့သည်။ဝန်ဘင်း သူ့ရဲ့ညာဘက်တွင် တည်တည်ကြည်ကြည်ရပ်နေသည့်သူ့ဆီ တစ်ချက်အကြည့်ပို့ရင်း
လွန်ခဲ့တဲ့လေးနှစ် သူ ဘုရင်အဖြစ်တင်မြောက်ခံခဲ့ရတဲ့နေ့
မက်မွန်ပွင့်တို့ကလည်း ထူးခြားစွာပဲ နွေဦးတော်တော်လေးအစောပိုင်းဖြစ်တဲ့ သူ့မွေးနေ့မှာ စပွင့်ခဲ့၏။တစ်နေကုန်ပင်ပန်းနေခဲ့တဲ့သူက မက်မွန်ပွင့်တို့ပွင့်နေခဲ့သည့်အကြောင်း ကြားပြီးနောက် သွားကြည့်ရန် တက်ကြွနေခဲ့သည်။
ထိုနေ့ ထိုအချိန် ထိုမက်မွန်ပွင့်တို့ရှိရာတွင်လည်း သူတို့နှစ်ယောက်သာရှိနေခဲ့သည်။
မက်မွန်ပွင့်တို့ကိုငေးမောကြည့်ရင်း ဘေးနားက ထိုကောင်လေးက ပင်ပန်းမှုကြောင့် ပင်စည်ကိုမှီရင်း အိပ်ပျော်သွားခဲ့၏။
ဝန်ဘင်းအကြည့်တို့က ပန်းတွေထက်လှတဲ့ကောင်လေးဆီပို့ကာ တစိမ့်စိမ့်ကြည့်နေခဲ့မိသည်။စိတ်ခံစားချက်တို့ ထိန်းချုပ်လို့မရတော့တဲ့အဆုံး ထိုကောင်လေး၏နဖူးပေါ် အနမ်းဖွဖွခြွေမိတော့၏။
အနမ်းတစ်ပွင့်နှင့်အတူ တစ်ဘဝလုံးစာအချစ်တို့ကို ထိုကောင်လေးဆီမှာ မြှုပ်နှံလိုက်တဲ့အကြောင်း မက်မွန်ပွင့်တို့သာ သက်သေဖြစ်ခဲ့၏။
———