Valentine Day

10 1 0
                                    

ထိုနေ့သည်Valentine Dayဖြစ်သောကြောင့် Damianတစ်ယောက်သူ့ချစ်သူAnyaအတွက် လက်ဆောင်ကိုစဉ်းစားနေသည်။ သို့သော်ခေါင်းထဲဘာမှပေါ်မလာပေ။ ထိုစဉ်Emileနှင့်Ewenသူ့အခန်းထဲသို့ ဝင်လာသည်။

"Damian-sama ဘာတွေစဉ်းစားနေတာလဲ"

"ဒီနေ့Valentine Dayဆိုတော့ငါAnyaအတွက် လက်ဆောင်ဘာပေးရမလဲစဉ်းစားနေတာကွ ဒါပေမဲ့ဘယ်လိုမှစဉ်းစားလို့မရဘူးဖြစ်နေတယ်ကွာ"

"Damian-samaကလည်းဗျာ Anyaကြိုက်မဲ့အရာတစ်ခုခုပေးပေါ့ ဥပမာမြေပဲ..."

"ဟျောင့် အရင်နှစ်Valentine Dayတွေတုန်းကလည်း ငါသူ့ကိုမြေပဲတွေချည်းဆက်တိုက်ပေးခဲ့တာ ဒီတခါတော့တခြားဟာပေးချင်တယ် ချောကလက်လို့တော့လာမပြောနဲ့ ငါကသူ့ကိုအစားအစာမဟုတ်တဲ့ပစ္စည်းတစ်ခုခုပေးချင်တာ"

"Damian-samaက ဘယ်လိုပုံစံမျိုးလုပ်ချင်တာလဲ"

"ငါကကွာ လက်ဆောင်ကိုပန်းစည်းနဲ့ဝှက်ထားမယ် ပြီးရင်ငါကပန်းစည်းကိုအရင်ပေးပြီး နောက်မှလက်ဆောင်ကိုထုတ်ပြချင်တာ"

"ဒါဆိုရင်ဆရာမကြီးBeckyကိုမေးကြည့် သူကရည်းစားသာမရှိတာ အဲ့လိုကိစ္စတွေဆိုကျွမ်းကျင်ပါ့"

ဒီလိုနှင့်Damianလည်း Beckyကိုဖုန်းဆက်လိုက်သည်။

"ဪဒါများ Damianရယ် ငါ့ကိုအစောကြီးကတည်းကပြောတာမဟုတ်ဘူး နင်Anyaနဲ့ဘယ်အချိန်ချိန်းထားလဲ"

"ညနေ၄နာရီ"

"အဲ့ဒါဆိုအချိန်မီပါသေးတယ် အခုမှ၁၂နာရီပဲရှိသေးတာ နင်နဲ့ငါGloria Cafeမှာတွေ့ရအောင်"

"ဟုတ်ပြီ ငါအခုလာခဲ့မယ်"

******

-At cafe-

"ကဲဆိုတော့ပြောပါအုံး နင့်အကြံဘယ်လိုစီစဉ်ထားလဲ"

"ငါပြောပြမယ် ငါတို့မိန်းကလေးတွေကsurpriseတွေဆို အရမ်းကြိုက်တာ အဲ့တော့Anyaလုံးဝsurpriseဖြစ်သွားစေမယ့်အရာကို နင်စီစဉ်သင့်တယ်"

"ဟ ငါဘာစီစဉ်ရမှန်းမသိလို့နင့်ကိုမေးတာလေ နင်ကငါ့ကိုလာစီစဉ်ခိုင်းနေတယ်"

"ငါပြောတာဆုံးအောင်နားထောင်အုံး နင်Anyaကိုဘာပစ္စည်းမှမပေးနဲ့ သူ့ရှေ့မှာဒူးတစ်ဖက်ကိုသာ ထောက်ချလိုက်တော့"

You've reached the end of published parts.

⏰ Last updated: Nov 10 ⏰

Add this story to your Library to get notified about new parts!

DamiAnya One Shots CollectionWhere stories live. Discover now