ရင်ထဲက နှင်းဆီပန်းများ

20 1 0
                                    

ထိုနေ့Anyaကျောင်းစတက်တာ ဒုတိယနေ့ဖြစ်သည်။ မနေ့ကပထမဆုံးနေ့တွင် သူမသည်လူမိုက်တွေကိုပေးသည့် မိုးကြိုးပုံစံTonitrusဆုကို ရခဲ့သည်။ အဘယ်အကြောင့်ဆိုသော် AnyaဟာDonovan Desmondရဲ့ဒုတိယမြောက်သား Damian Desmondကိုထိုးလိုက်လို့ဖြစ်သည်။

ထို့ကြောင့်Anya၏မွေးစားအဖေLoidဟာ သူ့မစ်ရှင်ပျက်စီးမှာဆိုးတဲ့အတွက် Damianကိုတောင်းပန်ခိုင်းခဲ့ကာ သူကိုယ်တိုင်ရုပ်ဖျက်ပြီး သူ့သမီးကျောင်းကိုလိုက်လာခဲ့သည်။ Anyaသည်ကျောင်းကိုရောက်ရောက်ချင်း Damainကိုတောင်းပန်ဖို့ကြိုးစားသော်လည်း သူမသူငယ်ချင်းBeckyက လိုက်နှောက်ယှက်နေ၏။

"Anya ဘာရပ်လုပ်နေတာလဲ လာ အတန်းထဲဝင်ရအောင်"

"မဟုတ်ဘူး Becky Anyaဒုတိယသားကို"

"ဒုတိယသား? Damianလား မဟုတ်မှလွဲရော Anyaနင်သူ့ကိုကြိုက်နေတာလား"

"မဟုတ်ဘူး မဟုတ်ဘူး!!!"

"ငြင်းမနေပါနဲ့ Anyaရယ် နင့်ပုံစံကလုံးဝသိသာပါတယ်"

"Becky နင်ထင်သလိုမဟုတ်ဘူး Anyaသူ့ကိုလုံးဝ
စိတ်မဝင်စားဘူး"

Anyaတောင်းပန်ဖို့ကြိုးစားတိုင်း Beckyကအမြဲခေါ်ခေါ်သွားသည်။ နေ့လယ်စာစားချိန်ရောက်တော့ Loidဟာသူ့သမီးမစ်ရှင်အောင်မြင်ဖို့ Beckyကိုတစ်ခုခုနဲ့အာရုံလွှဲဖို့ကြိုးစားသည်။

"Becky Blackbellလားမသိဘူးခင်ဗျ"

"ဟုတ်ပါတယ် ဘာကိစ္စလဲရှင့်"

"ကျွန်တော်သခင်မလေးBeckyကိုပြောစရာရှိလို့ ဒီကိုခဏလောက်လာခဲ့လို့ရမလား"

"Anyaရေ ငါခဏသွားလိုက်အုံးမယ် ငါ့အဖေကတော့ငါ့ကို ဘာတွေထပ်မှာအုံးမလဲမသိဘူး"

Beckyထွက်သွားတာကို Anyaလည်းအခွင့်ကောင်ယူပြီး Damianတို့ဝိုင်းကိုသွားခဲ့ပါတယ်။

"ဟဲ့ကောင်မ နင်ဘာကိစ္စဒီကိုလာတာလဲ"

"Anya-Anya ဒုတိယသားကိုတောင်းပန်ချင်လို့ပါ"

"အမယ် နင်ကများငါတို့ Damian-samaကို တောင်းပန်အုံးမယ်တဲ့"

"ပါးစပ်ပိတ်ထား ဟျောင့်တွေ"

Loidကတော့ သူတို့ကိုစောင့်ကြည့်နေသည်။

*အခုချိန်လောက်ဆို Damian-samaအဲ့ကောင်မကို ပြောဖို့စကားလုံးတွေရွေးပြီးနေလောက်ပြီ Chibiလား ဟင့်အင်း အဲ့ဒါကပျော့လွန်းတယ် ငါ့အထင်ခြေထောက်ပုပုလေး ဂျပုမ*

*ခေါင်းပေါ်မှာချို နှစ်ချောင်းနဲ့ဟာမ ရက်ကွန်းမ ပန်ဒါနီမ*

Damianအပေါင်းအသင်းတွေပြောတဲ့စကားတွေကို Anyaတစ်ယောက်စိတ်ဖတ်မိပြီး မျက်ရည်တွေကျလာသည်။

"Anya-Anya နင့်ကိုထိုးခဲ့တဲ့အတွက်တောင်းပန်ပါတယ် အမှန်တော့Anyaကနင်နဲ့သူငယ်ချင်းဖြစ်ချင်ရုံပါ Anyaတကယ်ကိုတောင်းပန်ပါတယ်"

Anyaရဲ့ငိုနေသည့်ပုံစံကိုကြည့်ကာ Damianရုတ်တရက်နှလုံးခုန်သံတွေမြန်လာသည်။ ရင်ထဲတွေနှင်းဆီပန်းပွင့်ဖတ်လေးများကြွေကျလာသလိုခံစားလိုက်ရ၏။

"ခွင့်မလွှတ်ဘူး လုံးဝခွင့်မလွှတ်ဘူး နင့်ကိုခွင့်လွှတ်စရာအကြောင်းနည်းနည်းလေးမှကိုမရှိတာ ငါနင့်ကိုတသက်လုံးခွင့်လွှတ်မှာမဟုတ်ဘူး ငတုံးမ"

Damianရှက်ပြီးထွက်ပြေးသွားသည်။ အဖြစ်ပျက်အစဆုံးကိုကြည့်နေတဲ့Loidကတော့ သူ့မစ်ရှင်ရဲ့ Plan Bဖြစ်တဲ့ မိတ်ဖွဲ့ရမယ့်အစီစဉ်ကြီးပျက်စီးပြီဟူ၍ သောကတွေရောက်နေသည်။

******

ညရောက်တော့Damianတစ်ယောက်နေ့လယ်က အဖြစ်အပျက်တွေကိုပြန်တွေးပြီး Anyaပုံစံကိုခေါင်းထဲကထုတ်မရဖြစ်နေသည်။ ပြန်တွေးတိုင်းရင်တွေခုန်ပြီး နှင်းဆီပန်းတွေပွင့်လာသလိုခံစားသည်။

*အဲ့ကောင်မကိုငါကဘာကိစ္စကြိုက်ရမှာလဲ လုံးဝကြိုက်လို့
မရဘူး သူနဲ့ငါဘယ်တော့မှလည်းတည့်လာမှာမဟုတ်ဘူး ငါ့ကိုထိုးခဲ့တဲ့အတွက်သူ့ကိုတသက်လုံးခွင့်မလွှတ်ဘူး*

သူကသာအခုလိုပြောနေသော်လည်း ခေါင်းထဲတွင်တော့ Anyaပုံရိပ်ကိုလုံးဝမေ့မရဖြစ်နေသည်။

Novan💜
29.10.2024

DamiAnya One Shots CollectionWhere stories live. Discover now