1

68 15 3
                                    

"ဆောင်းဟန်ဘင်း ပြန်လာပြီတဲ့နော် ဟင်းဟင်း ကြည့်ကြပ်ပြီးနေနော် ဟျောင်း"

စာစစ်နေတဲ့ဟာအို့ရှေ့ လာရပ်ပြီးပြောတာမို့ မျက်မှန်ပေါ်ကနေ တစ်ချက်ကြည့်လိုက်သည်...

"ဘာလဲ ဘာကြည့်တာလဲ ဟျောင်းကိုပြောနေတာ"

"ဟ ငါကဘာလုပ်နေလို့"

"ခုတော့မလုပ်သေးဘူးပေါ့ နောက်ကျမှ ကျော်မကောင်းကြားမကောင်းဖြစ်နေမှာဆိုးလို့ ကြိုပြောထားရတာ"

"ခွီ"

ရစ်ခီ့စကားကြောင့် ယူဂျင်းခွီခနဲရယ်မိသည်.. ယူဂျင်းရယ်သံကြောင့် ဟာအိုတစ်ယောက်မျက်စောင်းထိုးလိုက်မှသာ ယူဂျင်းလဲ မျက်နှာပိုးသတ်ပြီး TVကိုသာဆက်ကြည့်နေလိုက်သည်...

"ကျွန်တော် ဂွန်းနုတို့နဲ့ချိန်းထားလို့ ရွာတောင်ပိုင်းသွားလိုက်ဦးမယ်... ပြန်လာရင်ဘာသံမှမကြားချင်ဘူးနော်... ပြောပြီးသားနော်... တစ်ခုခုဆို ကျွန်တော်အကုန် မေမေတို့နဲ့ပြန်တိုင်မှာ"

"အမလေး ရစ်ခီရယ်၊ ငါကမင်းထက်အကြီးပါနော်.. အငယ်မဟုတ်ဘူး.. တကယ်တည်း အဒေါ်ကြီးကျနေတာ တစ်နေ့တစ်နေ့ပွစိပွစိနဲ့ သွားသွား... မြန်မြန်သာကြွ... ငါစာစစ်စရာတွေရှိသေးတယ်"

ဟာအို နည်းနည်းပြောလိုက်မှ နှုတ်ခမ်းဆူပြီး ပြီးရောဆိုတာ အိမ်ပေါ်တက်သွားသည်...

ခဏနေတော့ Tshirt အဖြူဗြောင်ပေါ်မှာ ဂျင်းဂျာကင်အမဲကို ထပ်ဝတ်လာသည်... အောက်ကဘောင်းဘီက‌ကျ ဒူးဝက်ကွတား အနက်ရောင်နဲ့

စတိုင်ကတော့မဆိုးပါဘူး ဂန်းစတားလိုလို... အရူးလိုလိုနဲ့...

"ရစ်ခီ အဲ့ဂျင်းဂျာကင်ကြီး ချွတ်ထားစမ်းပါ... နေကပူရပူနဲ့"

"မပူဟျောင်း ရတယ်... သွားပြီနော်" သူစကားနားမထောင်ဘဲ ထွက်သွားတဲ့ရစ်ခီကြောင့် ဒေါသတွေကို ဘေးက ယူဂျင်းဆီသာ ပုံချလိုက်သည်..

"ကဲ ကိုယ်တော်ချော စာလေးဘာလေးကျက်ဖို့လဲ စိတ်ကူးဦး... ညကျရင် Bio chapter 6မေးမယ်လို့ပြောပြီးသားနော်... မရရင်ငါနဲ့တွေ့မယ်"

ပြောပြီး ဟာအိုလဲ စာစစ်တာကို ခဏအသာထားပြီး ‌အိမ်နောက်ဘက်ကိုထွက်လာခဲ့သည်...

ဂယက်တစ်သိန်းနဲ့ ပလက်နက်ရွာWhere stories live. Discover now