2

45 11 2
                                    

"ဟျောင်း ဟျောင်း"

ထယ်ရယ် ဧည့်ခန်းထဲထိုင်ပြီး ဖုန်းသုံးနေတုန်း သူ့ကိုအော်ခေါ်ပြီး အိမ်ထဲဝင်လာတဲ့ ဂယူဘင်း

"ဘာတုန်း"

"ဟျောင်းဒီနေ့ ဘယ်သူနဲ့တွေ့လာတာလဲ"

"ဘယ်သူနဲ့တွေ့ရမှာလဲ၊ ဆိုင်တောင်မသွားဘူး၊ နေသိပ်မကောင်းလို့ ငါ့ဘာသာအိမ်မှာနေနေတာကို"

"လာလိမ်နေတယ် ဟျောင်းကတော့"

"ဟ မင်းကို လိမ်တော့ဘာရမှာမို့တုန်း ငါက"

ထိုသို့ တစ်ယောက်တစ်ယောက်ပြောနေတုန်း အိမ်ထဲဝင်လာတာက ဂျီဝန်းဟျောင်းနဲ့ အဖေ...

အပြင်ကနေ ဆောင်းလာခဲ့တဲ့ ခမောက်လေးကို တိုင်မှာချိတ်ပြီး အဖေက ခုံမှာဝင်ထိုင်သည်.. ဂျီဝန်းဟျောင်းကတော့ ရေအိုးစဥ်က ရေတစ်ခွက်ခပ်ပြီးအဖေ့ကိုပေးသည်...  အဖေသောက်ပြီးနောက် သူလဲရေတစ်ခွက်ထပ်ခပ်သောက်ကာ လက်ကျန်ရေအနည်းငယ်ကို အိမ်အပြင်ဘက် လှမ်းပက်လိုက်သည်..

ထို့နောက်တွင်တော့ ဆူပုတ်နေတဲ့ နှစ်ယောက်ဘက်လှည့်ကာ...

"မင်းတို့၂ယောက်ကလဲ တစ်ကျက်ကျက်နဲ့အမြဲပဲ၊ ဘာဖြစ်ပြန်ပြီလဲ"

"ဘာဖြစ်ရမှာလဲ ကိုကြီးညီ ရည်းစားရနေတာလေ"

"ဟေ"

"ဟမ်" အဖေကော၊ ဂျီဝန်းဆီကပါ အာမေဋိတ်အသံထွက်လာသည်

"ဟာ ဘယ်ကသာ"

"အမလေး ကျွန်တော်က တိကျတဲ့သတင်းရထားပါနော်"

"__" ထယ်ရယ်ကြောင်ကြည့်နေမိသည်.. သူတစ်မနက်လုံးအပြင်မထွက်ရသေးတာကို သူ့ညီဂင်ဂယူဘင်းဘယ်က ဘာသတင်းတွေရလာတာတုန်း

"ရစ်ခီနဲ့ မင်းအကိုကို ကန်သင်းရိုးမှာ အတူတွေ့ခဲ့လို့ ခီထာ ဟျောင်းကိုယ်တိုင်ပြောလိုက်တာ ဘာငြင်းဦးမှာလဲ"

ခီထာ ဆိုတာ ရွာမှာသူမသိတာမရှိ၊ တကယ့်ကို စသုံးလုံးထဲက တစ်လုံးပင်၊ ကျန်တဲ့ ၂လုံးကတော့ ချာဝန်းကီနဲ့ ဆောဝန်းပေါ့၊ ရွာမှာအလှူဖြစ်ဖြစ် ဘာဖြစ်ဖြစ် တစ်ခုခုလုပ်လို့ လူစုချင်ရင်လဲ ဖိတ်စာတွေ၊ လော်စပီကာတွေမလို သူတို့သုံးယောက်ကိုသာပြောလိုက်ရင် တစ်ရွာလုံးဖိတ်ပြီးသားပင်....

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

ဂယက်တစ်သိန်းနဲ့ ပလက်နက်ရွာWhere stories live. Discover now