မနက်ခင်းသည် တချို့သောသူများအတွက်လှပကောင်းလှပပေလိမ့်မည်။သို့ရာ ကျွန်မအတွက်ကတော့ဟုတ်မနေခဲ့။လူအိပ်ချိန်ထက်နောက်ကျမှအိပ်ရပြီး အိပ်ပျော်ခါစချိန်တွင်နိုးစက်သံမြည်လာသဖြင့် စောစောနိုးကာ ရုံးသွားရန်ပြန်ဆင်ရပြန်သည်။ထိုကောင်းမှုတွေကတော့ ကုမ္မဏီပိုင်ရှင်ဆိုသူကြောင့်။
ပိုင်ရှင်အမျိုးသမီးသည်အလွန်ထူးဆန်းလွန်းလှသည်။သူ့မျက်နှာကိုပင်တစ်စက္ကန့်ထက်ပိုမမြင်ဘူးပေ။နံရံပေါ်မှတစ်ခုတည်းသော ထိုအမျိုးသမီးဓာတ်ပုံကြောင့်သာသေချာမြင်ဖူးသည်။ထိုဓာတ်ပုံလည်းသူမလိုပင်ထူးဆန်းသည်၊ထိုဓာတ်ပုံကိုမြင်တိုင်း မိုးပြာရောင်ပဝါကိုင်ထားသောကလေးမလေးတစ်ယောက်သာလျှင် မျက်လုံးထဲဝင်ရောက်လာသည်။
သူ့အကြောင်းဆက်ပြောရရင် သူမနာမည်အရင်းကိုမည်သူမျှမသိကြ။မျိုးဆိုသည့်တစ်လုံးတည်းသာသိရသည်။သူမက ဘယ်သူ့မှမရောက်ခင်အချိန်တွင်ဦးစွာအရင်ရောက်ကာ ရုံးခန်းထဲဝင်ပြီးတစ်နေကုန်ထွက်မလာတော့။မှာကြားစရာကိစ္စများကို မန်နေဂျာဖြစ်သူ အစ်မဖူးဖြင့်သာတစ်ဆင့်ပြောခိုင်းသည်။ထမင်းစားနားကြချိန်တွင် အစ်မဖူးကလွဲ မည်သူမှမသိအောင် ပြန်သွားပြီးပြန်မလာတော့ပေ။သူကအေးဆေးသက်သာနားနေရချိန်တွင် ဝန်ထမ်းများကိုတော့အလုပ်ကိုအိမ်ထိပါ လက်ဆောင်ထည့်ပေးတတ်သေးသည်။လစာကောင်းသည့်အလုပ်ဖြစ်သော်ငြား ထိုအမျိုးသမီးကိုတော့အမြင်ကပ်လှသည်။
သူမအကြောင်းပဲပြောနေမိတာပဲ၊ကဲ...ကျွန်မအကြောင်းစပြောကြရအောင်
ကျွန်မနာမည်က ချစ်ဝေညှိုတဲ့ ဘာအဓိပ္ပာယ်နဲ့ပေးခဲ့မှန်းမသိပေမဲ့ စိတ်လည်းမဝင်စား။ကျွန်မမျက်လုံးအရောင်ကတော့အားလုံးထက် တစ်မူထူးခြားစွာဖြင့်အညှိုရောင်။အကြည့်တစ်ချက်က ညှို့ချက်ပြင်းလှသဖြင့် အကြည့်ခံရသူကြွေကျသွားနိုင်သဖြင့်မည်သူ့ကိုပင်စေ့စေ့မကြည့်ခဲ့။ဆံပင်ခပ်တိုတိုကြောင့်မသိလျှင်ယောကျ်ားလေးဟုပင်ထင်နိုင်သည်။ကျွန်မက မိဘတွေမရှိတော့တဲ့တစ်ကောင်ကြွက်လို့ဦးစွာပြောရမည်။အချစ်ဆိုတာကျွန်မဘဝတွင်မရှိဘူးသေးသော်လည်း ပဝါစလေးကိုင်ထားသောကျွန်မအမြင်အာရုံထဲပေါ်လာတတ်သည့်ကလေးငယ်လေးကိုတော့ ချစ်မြတ်နိုးမိသည်။မည်သည့်အချစ်မျိုးဖြင့်တော့မခွဲခြားတတ်။
YOU ARE READING
Still waiting(Ongoing)
Romanceနှစ်ပေါင်း၂၀ကြာမြင့်သည့်တိုင် မမေ့မလျော့စောင့်မျှော်နေဆဲပါ....