မျိုးအိမ်သို့ပြင်လာသည့်လမ်းတစ်လျှောက်လုံး ထိုမျက်ဝန်းညှိုတို့ကိုပြန်မြင်လာသည်။ရင်တုန်နေသည်မှာမရပ်သဖြင့်ရင်ဘတ်ပေါ်လက်တင်ထားရပြီးအတွေးများနေသဖြင့် ဧည့်ခန်းတွင်ထိုင်နေသောမာမီနှင့်မေမေကိုမတွေ့သည့်အဖြစ်ပင်။
"မျိုး သမီးဒီနားလာပါဦး"
မေမေ့အသံကြောင့်တစ်ချက်တုန်တက်သွားပြီး ဆိုဖာနားသွားလိုက်သည်။
"မျိုးကိုပြောစရာရှိလို့လား မေမေ"
"သမီးမှာချစ်ရမယ့်သူရှိနေပြီလား"
"အို...မေမေကလည်း မရှိပါဘူး"
ပါးပြင်လေးနီရဲကာရှက်နေသောသမီးဖြစ်သူကိုကြည့်ကာ မွှေးပြုံးလိုက်မိသည်။ကလေးတွေတောင်အရွယ်ရောက်လာကြပါပြီလား။
"ကဲ ဒါဆိုရင်လည်းသွားနားတော့ချင်နားတော့လေ သမီးပင်ပန်းလာမှာပေါ့ ကုမ္မဏီမှာကောအဆင်ပြေရဲ့လားသမီး"
"ဟုတ်ပြေပါတယ်မေမေ ကိုပိုင်ကိုလည်းမတွေ့ပါလား ဘယ်သွားနေတာလဲမေမေ"
ကိုပိုင်ဆိုတာကတော့ မျိုးရဲ့တစ်ယောက်တည်းသောအစ်ကိုပင်။
"သမီးအစ်ကိုကဆံပင်ညှပ်ဆိုင်သွားလေရဲ့ အခုထိပြန်မလာသေးဘူးလေ"
"ဟုတ်မေမေ ဒါဆိုသမီးသွားနားတော့မယ်နော်"
သမီးအိမ်ပေါ်ထပ်တက်သွားသည်ကိုမွှေး ပြုံးပြီးကြည့်နေလေသည်။
"မ အတွေးများနေပြန်ပြီလား"
"မဟုတ်ပါဘူးမောင်ရယ် သားနဲ့သမီးအိမ်ထောင်ကျပြီးပျော်နေတာကို မသေခင်မြင်သွားချင်လို့ပါ"
ထိုစကားကြောင့်မျက်မှောင်ကြုတ်သွားသောမောင့်ပါးပြင်ကိုအနမ်းပေးလိုက်သည်။မောင်က သေစကားပြောတာမကြိုက်မှန်းမွှေးသိပါရဲ့။
"မကဘာလို့သေရမှာလဲ မဟုတ်တာတွေမပြောပါနဲ့"
မျက်ရည်များရစ်သိုင်းလာသော မွှေး၏ကလေးငယ်ကြောင့်ချိုသာသောအပြုံးဖြင့်ပြုံးပြကာ
"ဟုတ်ပါပြီ မ မပြောတော့ဘူးနော် မောင်ဝမ်းနည်းသွားရပြီ"
ရင်ခွင်ထဲတိုးဝင်လာသောမောင့်ကိုဖက်ထားပေးမိသည်။တစ်ခါတစ်လေမောင်ဟာသူ့အရပ်ကြီးမှအားမနာ ထိုသို့ချွဲတတ်သေးပါသည်။
YOU ARE READING
Still waiting(Ongoing)
Romanceနှစ်ပေါင်း၂၀ကြာမြင့်သည့်တိုင် မမေ့မလျော့စောင့်မျှော်နေဆဲပါ....