Episode 5

44 11 2
                                    

Pw-အော်အားနာစရာကြီးရပါတယ်ကျွန်တော် hotelကိုလှမ်းမေးလိုက်မယ်

ဖူဖူဖုန်းထုတ်ကာဟိုတယ်ကိုဖုန်းဆက်နေသည်

Hotel Manager -Hello Zabuu hotelမှဘာများကူညီပေးရမလဲရှင်

Pw-ကျွန်တော်အခန်းတစ်ခန်းလောက်လိုချင်လို့ပါ

H/M-ဘယ်နေ့ကိုတည်ခိုမှာလဲမသိဘူးရှင်

Pw-အခုညတည်းချင်လို့ပါ

H/M-စိတ်မကောင်းစွာနဲ့ကျွန်မတို့ဟိုတယ်ကဘိုကင်၂ရက်ကြိုတင်ရပါမယ်ရှင်အရင်လတွေကချက်ချင်းတည်းခိုလို့ရပေမဲ့ဒီလမှာတော့အထူးအနေနဲ့အပြောင်းအလဲဖြစ်သွားပါတယ်

Pw-အော်ဒါဆိုမရဘူးပေါ့

H/M -ဟုတ်ကဲ့မရပါဘူးရှင့်

ဖူဖူဘာမှမပြောပဲဖုန်းချလိုက်သည်

Pw-Pနဲ့အသိဟိုတယ်တွေဘာတွေမရှိဘူးလားဒီနေရာကဟိုတယ်သိပ်မရှိဘူးဆိုတော့

Pond -အစ်ကိုနဲ့သိတဲ့‌ဟိုတယ်မရှိဘူးဒါပေမဲ့ဖူဖူအစ်ကို့အခန်းမှာတည်းလို့ရပါတယ်အားမနာပါနဲ့

ဖူဖူလဲဘာမှရွေးစရာမရှိတဲ့အဆုံးpondနဲ့ပါသွားရသည်

အခန်းထဲရောက်တော့

Pond -ဖူဖူအဝတ်စားတွေမယူရသေးရင်အစ်ကို့ဟာတွေယူဝတ်လို့ရတယ်နော်

Pw-ရပါတယ်ကျွန်တော့အခုပဲသွားယူမလို့ပါ

ဖူဖူအဝတ်ယူဖို့အခန်းကိုထွက်သွားသည်

ဝန်ထမ်း-ခွန်......ခွန်ဒီအခန်းကိုအသုံးပြုလို့မရသေးပါဘူးဗျ

Pw-သိတယ်အဝတ်စားလာယူတာလေ

ဝန်ထမ်း-စိတ်မရှိပါနဲ့အခန်းထဲကိုအခန်းပြင်ဆရာတွေကလွဲလို့ဘယ်သူ့ကိုမှပေးမဝင်နဲ့အုံးလို့
ဘော့စ်ကမှာထားလို့ပါမဟုတ်ရင်အန္တရာယ်ရှိနိုင်ပါတယ်ဗျ

Pw-အင်း

ဖူဖူစိတ်ပျက်ပျက်နဲ့အစ်ကို့အခန်းထဲကိုသာပြန်ဝင်သွားခဲ့သည်

Pw-ဘယ်လိုကွန်ဒိုလဲမသိဘူးအမားတို့ကကွန်ဒိုမှာနေရင်ဘာပြဿနာမဆိုကိုယ်တိုင်ဖြေရှင်းရမယ်လို့ပြောလို့ဖုန်းဆက်ပြီးမတိုင်တာတော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကွန်ဒိုပဲအမားတို့ကိုဖုန်းဆက်လိုက်ရင်လဲအိမ်ပြန်ပြီးလာနေဖို့ပြောမှာကွန်ဒိုမှာနေရတော့မှာမဟုတ်ဘူး

ဖူဖူကအခန်းထဲကိုပွစိပွစိနဲ့ဝင်လာတာကြောင့်Pond ကပြုံးပြုံးလေးလှမ်းကြည့်နေတယ်

Pond -ကဲပ့ဆူပုတ်မနေနဲ့ရောက့်အဝတ်စားတွေဒီညတော့ဝတ်အိပ်လိုက်ပါအဲ့တာတွေကအစ်ကိုတစ်ခါမှမဝတ်‌ရသေးဘူးအသစ်တွေနော်

ဖူဖူအတွက်ညအိပ်ဝတ်စုံခရမ်းရောင်လေးကိုထုတ်ပေးလိုက်သည်

Pw-ကျေးဇူးပါ

Pond -အော်ဖူဖူရော့အတွင်းခံ

Pw-ဟာဘာတွေပေးနေတာလဲဗျာ size မတော်လောက်ဘူးရော့မယူဘူး

Pond-ဖူဖူဝတ်စရာမရှိတာအစ်ကိုသိပါတယ်ရော့ယူလိုက်ပါမနက်ကမှဝယ်လာတာ12ထည်မှာsizeသေးပါလာလို့ရော့

ဖူဖူမှာရှက်ရှက်နဲ့ပဲယူကာရေချိုးခန်းထဲဝင်လာခဲ့သည်သူ့ရဲ့ကွန်ဒိုမှာနေတဲ့ဒုတိယနေ့မှာပဲအခန်းနဲ့ပြဿနာဖြစ်တာကြောင့်သူစိတ်ပျက်နေတဲ့ထဲစိတ်ရှုပ်ဖို့ကောင်းအောင်အစ်ကိုကလိုက်စနေတာကြောင့်ရှက်လဲရှက်နေရသည်

။။။။။။။။။။။။။။။။။။။။။။။။။။

Pond -ဖူဖူပြီးရင်အစ်ကိုချိုးတော့မယ်နော်

ဖူဖူတစ်ယောက်ခေါင်းကိုရေသုတ်ကာအပြင်မှာထိုင်နေခဲ့တယ်

ခဏအကြာ

Pond-ဖူဖူဘာလုပ်နေတာလဲဝရန်တာမှာအေးတယ်အထဲဝင်ခဲ့လာ

Pw-ဒီတိုင်းရှုခင်းလေးလှလို့ကြည့်နေတာပါ....အော်ဒါနဲ့အစ်ကို့ဆီမှာကုတင်တစ်လုံးပဲရှိတာလားဘယ်လိုအိပ်ရမှာလဲ

Pond-ဖူဖူရယ်အတူအိပ်ရမှာပဲကုတင်တစ်လုံးပဲရှိတယ်

Pw-ဗျာအတူအိပ်ရမှာ.........

။။။။။။။။။။။။။။။။။။။။။။။။

ကဲEp 5ပြီးပါပြီဗျအဆင်မပြေတာအကြံပေးချင်တာရှိရင်ကောမန့်မှာရေးပေးခဲ့ပါနော်ပြီးတော့ရေးပေးစေချင်တဲ့idolလေးတွေရှိရင်လဲပြောခဲ့ပေးပါ

Idolအချစ်Where stories live. Discover now