8 2 0
                                    

အပိုင်း ၁

လီချေရှူးတိုက်ပေါ်က ခုန်ချသွားတဲ့သတင်းရောက်လာတုန်းက ကျွန်တော်ရုံးမှာ အချိန်ပိုဆင်းနေခဲ့တာ

ညဆယ်နာရီခွဲ အဆောက်အအုံတစ်ခုလုံးက သစ်သားအိုကြီးလိုအုံ့မှိုင်းနေတယ် ကျွန်တော်တစ်ယောက်ထဲရှိနေတဲ့နေရာလေးမှာပဲ အလင်းရောင်ရှိနေပြီး ချတစ်ကောင်လိုမျိုး သူ့ကို ချို့ယွင်းချက်သေးသေးလေးဖြစ်အောင် လုပ်နေတယ်

လော့ခယ်ဆီက ဖုန်းလာတာပဲ အသံတုန်ခါမှုက ဇကာနဲ့တူတယ် မြို့တစ်မြို့လုံးက ဖုန်းလိုင်းတွေအကုန် မိနစ်ဝက်လေးအတွင်းအဖြတ်ခံလိုက်ရတာလားလို့ ကျွန်တော်သံသယဝင်မိတယ် ဘာလို့လဲဆိုတော့သူမရဲ့စကားလုံးတစ်လုံးချင်းစီတိုင်းက ဇကာစစ်သလိုတုန်ယင်နေတာမလို့လေ : "ရှန်ပေါက်ရှန်း.......လီချေရှူး တိုက်ပေါ်ကခုန်ချသွားပြီ"

ချို့ယွင်းချက်ပေမဲ့ လင်းနေတဲ့ချို့ယွင်းချက် ငါဆိုတဲ့ချအကောင်လေးက မျက်တောင်တောင်မခတ်မိပဲ တဟုန်ထိုးကားမောင်းနေမိတယ်——နောက်နေတာဖြစ်မယ် အသက်တစ်ချောင်းက တန်ဖိုးကြီးတယ်လေ ဒါကို ကျွန်တော့်ထက်ပိုနားလည်တဲ့လူမရှိဘူး

ဒါပေမဲ့လူမရှိတဲ့လမ်းပေါ်မှာ မီးပွိုင့်အနီနှစ်ခုကိုလည်းတဟုန်ထိုးဖြတ်ခဲ့တယ်

ကျွန်တော်ဆေးရုံရောက်တော့ အသက်အန္တရာယ်ရှိနေတဲ့အခြေအနေကနေ မလွတ်မြောက်သေးဘူး လော့ခယ်က ထိုင်ဖို့ကျွန်တော့်ကိုခေါ်တယ် ကျွန်တော့်တစ်ကိုယ်လုံးတောင့်တင်းနေတယ် ထုံထိုင်းနေတာများ လက်လားခြေထောက်လားတောင်မသိတော့ဘူး နားထဲကိုလော့ခယ်ရဲ့အသံရောက်လာတယ် လက်ချောင်းတွေတောင် လှုပ်လို့မရဘူး

"ခြောက်ထပ်......ဘယ်လိုတက်သွားလဲတော့မသိဘူး.......ပြုတ်ကျတဲ့အချိန်မှာအခံတစ်ခုခုနဲ့ထိသွားတယ်.......လာပို့တဲ့လူကတော့ သတိလစ်နေတယ်......."

အဲ့ဒီနေ့ညက icu အပြင်ဘက်မှာ ဘယ်လောက်ကြာအောင်စောင့်နေမိလည်းကျွန်တော်မသိတော့ဘူး ဘုတ်အောက်က အလင်းကလည်း ဘယ်အရောင်ကနေဘယ်အရောင်ပြောင်းသွားလဲမသိတော့ဘူး

 လီချေရှူးမိတ်ဆက်တုန်းက မျက်နှာပေါ်က အင်္ဂါငါးရပ်က ဘယ်လိုပုံရှိလဲဆိုတာကိုပါ မေ့နေပြီ——မဟုတ်သေးဘူး ကျွန်တော်မမြင်ဖူးတာ သူ့ခေါင်းကိုလုံးဝထုပ်ပိုးထားတာလေ

အသိဟောင်း ကြီးထွားမှုအသစ်Where stories live. Discover now