6 2 0
                                    

အပိုင်း ၃

အရင်ဆုံးသူကြောင်အသွားတယ် မတ်မတ်ထရပ်လိုက်ပြီး လက်ထဲကစာအုပ်လေးကိုပိတ်လိုက်တယ် ပြီးတော့ အကူအညီမဲ့နေပုံနဲ့ ကျွန်တော့်ကိုကြည့်တယ်

တကယ်တော့ ကျွန်တော်ထိန်းရလွန်းလို့ အံသွားတောင် ကွဲကြေတော့မယ်

ဒါပေမဲ့ကျွန်တော်သွားလို့မရဘူး ခြေလက်တွေက အမိန့်ကိုနားမထောင်တော့ဘူး

ဒါကအသက်ရှင်နေတဲ့ ဆယ့်ခုနစ်နှစ်ရဲ့လီချေရှူး

ကုန်ဆုံးသွားတဲ့ စက္ကန့်အနည်းငယ်က--အတော်လေးရှည်ကြာတဲ့ စက္ကန့်တွေဖြစ်နေတယ် သူကအရင်တုံ့ပြန်လာတယ် : "မင်း.....မင်းရဲ့ဘတ်စကတ်ဘော" ခါးကွေးပြီးတော့ ဘောလုံးကောက်ပေးတယ်

ကျွန်တော့်ရဲ့ခန္ဓာကိုယ်က ဒီခဏမှာနားလည်သွားတယ် ‌တစ်လှမ်းတိုးပြီး ဘတ်စကတ်ဘောလုံးကိုယူဖို့လုပ်တယ်

ချက်ချင်းကိုပဲယိမ်းထိုးသွားတယ်

လီချေရှူးက တုံ့ပြန်ချက်မြန်သား ဘောလုံးကောက်ဖို့ဆန့်ထားတဲ့လက်က ချက်ချင်းကျွန်တော့်ကိုထိန်းပေးတယ်

.......သွားပြီ

ဒါကကျွန်တော့်ရဲ့လောင်ဖော်လေ

ဒါကနေရာမှန်ပဲ ကျွန်တော့်ကိုတိတ်တိတ်လေးချစ်နေတဲ့ လောင်ဖော်

ကျွန်တော်မချောဘူးထင်သွားရင် ဘယ်လိုလုပ်မလဲ

ကျွန်တော့်စိတ်ထဲရှုပ်ရှက်ခပ်နေတယ် လီချေရှူးကျွန်တော့်ကိုထိန်းပေးထားတဲ့ သုံးစက္ကန့်အတွင်း သွားပါပြီဆိုတဲ့အတွေးက ကျွန်တော့်ခန္ဓာကိုယ်ရဲ့အကြီးဆုံးနေရာလွတ်ကို သိမ်းပိုက်ထားတယ်

သူလက်လွှတ်တော့မဲ့ခဏမှာ သူ့လက်မောင်းကိုကျွန်တော်ပြန်ဆွဲလိုက်တယ် : "မနေ့ညက အိပ်ရတာဘယ်လိုနေလဲလား?"

သူထပ်‌တန့်သွားပြန်ပြီ : "......ဘာကို?"

ချောတာနဲ့မချောတာကြားမှာ လီချေရှူးရဲ့ခန္ဓာကိုယ်ကို ကျွန်တော်ပိုဂရုစိုက်နေမိတယ်

"မနေ့ညက အိပ်တာဘယ်လိုနေလဲလို့?" ကျွန်တော့်လက်ဖဝါးက သူ့လက်မောင်းသေးသေးလေးရဲ့အနွေးဓာတ်ကိုခံစားနေရတယ် ကျိုးကြောင်းမသင့်တဲ့စိတ်က စည်းမျဉ်းတွေကို ချိုးဖောက်ပစ်တယ် အစကနေအဆုံးအထိ တင်းတင်းဆွဲထားပြီး လက်မလွှတ်ခဲ့ဘူး အကြည့်ကလည်းသူ့မျက်နှာပေါ်မှာပဲ အေးခဲနေပြီး တစ်ချက်တောင်မလှုပ်ဖြစ် "နားအူနေတာမျိုးဖြစ်လား? ဗိုက်ကရောနာလား?"

အသိဟောင်း ကြီးထွားမှုအသစ်Where stories live. Discover now