[Unicode]
||3||
အပေးအယူသက်သက် ထိမ်းမြားမင်္ဂလာ
ရှန်သိုက် ချွေးများပင်စို့လာ၏။ မျက်စိရှေ့မှသူသည် နီးကပ်လာလိုက်၊ ဝေးကွာသွားလိုက်နှင့် ဝေဝါးသလို ရှင်းလင်းပြတ်သားနေပြန်သည်။ သူ၏ဦးနှောက်သည် တစိမ့်စိမ့်ထုံထိုင်းလာကာ တွေးတောစဉ်းစားနိုင်စွမ်းတို့ ရုတ်ခြည်းကွယ်ပျောက်သွားရပြီး ခံစားချက်အလုံးစုံမှာလည်း တဒင်္ဂအတွင်း ပျောက်ဆုံးသွားရသည်။ သူ လက်တွေ့မဆန်သလို၊ အလွန့်အလွန်အစစ်အမှန်မဟုတ်သလိုသာ ခံစားရသည်။
ချွီမော့ယွီသည် သူ့အား တည်ငြိမ်စွာပင်ကြည့်နေသည်။
ရှန်သိုက်က လက်ကိုအိတ်ထောင်ထဲထည့်လိုက်ပြီး လက်သီးဖွဖွဆုပ်ထားလိုက်ကာ သူခေတ္တမျှနှုတ်ဆိတ်နေပြီးမှ နှုတ်ဟစကားဆိုသည်။
"ကျွန်တော်တို့......ကျွန်တော် ခင်ဗျားမှန်း......မသိဘူး"
"မင်းက ကိုယ်မှန်းမသိဘူးပေါ့"
ချွီမော့ယွီက တစ်ကြိမ်ထပ်ပြောလိုက်ကာ နှုတ်ခမ်းစွန်းတို့မှာ ယောင်ယောင်လေးတွန့်ချိုးသွားလေသည်။
ရှန်သိုက် တစ်စုံတစ်ရာသော မျက်နှာမပြရဲစရာ အရှက်ရမှုမျိုးခံစားရသည်။ သည်စကားက ကြားရသည်မှာ တကယ်ကိုပင် မယုံကြည်ချင်စရာကောင်းလှသည်။ သူသာဆိုလျှင်လည်း သိပ်မယုံပေ။
"မင်းကို စိတ်ပျက်သွားစေလား""မဟုတ်ပါဘူး။ မဟုတ်ပါဘူး"
ရှန်သိုက်က အလျင်အမြန်ပြောလိုက်သည်။
"ဒါဆို ကိုယ်တို့တကယ့်အကြောင်းကိစ္စဘက်ပြန်ဆက်ရအောင်"
ချွီမော့ယွီကဆိုသည်။
"လက်ထပ်ပြီးနောက် မင်းမှာဘာတောင်းဆိုချက်တွေရှိမလဲ"
ရှန်သိုက်က တဖြည်းဖြည်း အမူအရာလေသံကိုပြောင်းလိုက်ပြီး :"ခင်ဗျားမှာ ဘာတောင်းဆိုချက်များရှိလဲ"
"ဒါက ကိုယ်တို့နှစ်ဦးနှစ်ဖက်အကျိုးရှိစေမဲ့ ပထမဆုံးပူးပေါင်းဆောင်ရွက်မှုပဲ။ မင်းလက်မထပ်ခင် စာချုပ်တစ်ခုမှာ လက်မှတ်ထိုးထားဖို့လိုမယ်။ ဥစ္စာဓနနဲ့ အမျိုးမျိုးသော ရပိုင်ခွင့်တွေကိုတော့ ရှင်းအောင်လုပ်ထားပါ။ လက်ထပ်ပြီးနောက် မှန်ကန်ကောင်းမွန်တဲ့ ဇနီးတစ်ယောက်အဖြစ်နေရင်ရပြီ။ လျှို့ဝှက်၊ သိုသိပ်၊ ဖြောင့်မတ်သစ္စာရှိပြီး စည်းနဲ့ဘောင်နဲ့သိတတ်ရင်ရပြီ"
YOU ARE READING
ဤရနံ့နှစ်သွယ် ဘယ်တော့မှမပြယ်
Romanceကြောက်မက်ဖွယ်မိုးချုန်းသံ အလျှံအပယ်နှင့် ပုတ်ပွနံဟောင်မှုတို့ လှိုင်သင်းနေမဲ့ ဝတ္ထုတစ်ပုဒ်...