အပိုင်း၁

1 0 0
                                    

ဒီနေ့လဲအရင်နေ့လိုပါပဲ သွန်းကနံရံကိုမှီလို့ မြဖူးကလဲသွန်းရင်ဘတ်ပေါ်မှိပြီး သွန်းရင်ခွင်ထဲရောက်နေတယ်။
သူတို့နှစ်ယောက်ကလဲ စကားတွေပြောလို့ ရီမောနေကြတယ်။
ဖြိုးကတော့ဒီနေ့ အရင်လို၁ယောက်ထဲအေးအေးဆေးဆေးသူ့နေရာနဲ့သူထိုင်နေပါရဲ့။
ဖြိုးကိုလျစ်လျူရှုသလိုဖြစ်နေတယ်ဆိုတာ သွန်းကတော့သိကောင်းပါရဲ့နော်။

အားလပ်ချိန်🔔

ဖြိုးကရေသောက်သွားဖို့လုပ်တော့ သွန်းကနောက်ကနေပြီးဖြိုးပခုံးကိုလှမ်းဖက်လိုက်တယ်။

"ဘာလုပ်တာလဲ လရိပ်သွန်း ဖယ်စမ်းပါဟာ"ရုတ်တရက်ဆို‌တော့ဖြိုးကသွန်းကိုလေသံမာမာနဲ့ပြောလိုက်တယ်။

"ဟာ ဘာဖြစ်တာလဲအချစ်ရဲ့ ဪ စိတ်ကောက်နေတာလား"

"ငါက ဘာလို့စိတ်ကောက်နေရမှာလဲ ပြီးတော့ငါ့ကိုအဲ့လိုမခေါ်နဲ့မကြိုက်ဘူး မြဖူးကိုသွားခေါ်"

"ဪ မနက်ကဟာကြောင့်လား စိတ်မဆိုးပါနဲ့နော်
နော်လို့ "နှုတ်ခမ်းလေးဆူပြီးချော့နေပုံစံကတော့ ခွင့်လွတ်ချင်စရာအတိ။

"ငါတို့က ဘာဆိုင်လို့လဲ ပြီးတော့ စိတ်ကောက်နေတာလဲမဟုတ်ဘူး"ဖြိုးအတွက်ကတော့ပုံမှန်လေသံဆိုပေမဲ့
တခြားသူအတွက်တော့ လေသံမာတယ်။

"အင်းလို့ ရေသောက်သွားမှာမလား လာလေသွားအောင်"
သွန်းကအဲ့ကိစ္စဆက်ပြောရင် ပိုဆိုးမှာစိုးလို့ စကားလမ်းကြောင်းလွှဲလိုက်ရတယ်။

"ဟား ငါမေ့နေတာ သင်္ချာမလုပ်ရသေးဘူး "မနေ့ကအိမ်စာပေးထားတာလေ ဖြိုးက အိမ်စာပေးရင် အရမ်းမေ့တတ်တော့
ထုံးစံအတိုင်း မေ့ခဲ့တယ်။

"အင်းပါ ဒါဆိုလဲ စာလုပ်နေခဲ့လေ မက‌ရေ‌သွားခပ်ပေးမယ်နော်မောင်"

"အင်း သဘောပဲလေ"စာလုပ်နေရင်းနဲ့ပင်ဖြေလိုက်တယ်။

သွန်းက ဖြိုးအတွက်ဆိုပြီး အပြေးရေသွားခပ်ပေးတော့တယ်။

"ဒီမှာ ရေရပြီ မောင် သောက်လိုက်အုံးနော်"တကယ်ရည်းစားတွေထက်တောင် roနေကြတဲ့ friတွေပါ😁

"အဟင်း အဟင်း "ဘေးမှမြဖူးရဲ့သတိပေးချက်သံ

"နင်ကဘာဖြစ်နေတာလဲ"သွန်းက ဘာလားဆိုတဲ့အထာနဲ့ပေါ့

မောင်ချစ်မြတ်နိုးရပါသောသွန်းWhere stories live. Discover now