တနင်္ဂနွေနေ့ကတော့ ဖြိုးနဲ့သွန်းအဆက်အသွယ်မလုပ်ကြပဲ
ပြီးဆုံးသွားပါတော့တယ်။စနေနေ့
ဖြိုးက ကျောင်းသွားဖို့ ပြင်ဆင်ပြီးတော့ သူဇာရဲ့အဘွားအိမ်ကို ခါတိုင်းထက် နာရီဝက်စောပြီးထွက်လာခဲ့တယ်။
၈နာရီပဲရှိသေးတော့ သူဇာက ကျောင်းသွားဖို့မပြင်သေးဘူး။
ဖြိုးလာမှပဲ ကပျာကယာနဲ့ ရေချိုးတော့တယ်။
ဖြိုးကလဲ သူချိုးနေတဲ့အချိန်မှာ ဆိပ်ဖလူးပန်တွေကို တယုတယနဲ့ ကောက်နေလေရဲ့။ဖြိုးက သူဇာရဲ့အဘွားအိမ်မှာ ပန်းတွေကောက်ပြီးတော့ သူဇာကိုစောင့်ရင်း စကားပြောရင်းနဲ့ ပန်းသီနေပါတော့တယ်။
ဒီခါတော့ ဖြိုးက ဘုရားရှိခိုးပုံစံပဲ သီနေပါတယ်။ကျောင်းသွားရမှာဖြစ်သလို အဲ့ပုံစံနဲ့လဲလှပါတယ်တဲ့သူဇာကပြောတာကြောင့်ပဲ ဖြစ်ပါတယ်။လူတိုင်းလိုလို အဲ့လိုပုံသီတော့ ဖြိုးက
သူများတွေသီသလိုမသီချင်ပါဘူး။ဒါပေမဲ့ကျောင်းလဲ
မှီအောင် ပန်းသီတာလဲမြန်မြန်ပြီးအောင် သူဇာပြောသလိုပဲ
လုပ်လိုက်ပါတော့တယ်။ခဏကြာတော့ ဖြိုးလဲပန်သီပြီးပေမဲ့ သူဇာကထမင်းစားလို့မပြီးသေးပါ။အဲ့တော့ ဖြိုးက ထမင်းမြန်မြန်စားဖို့ ဘေးကနေ
ပြောနေပါတော့တယ်။"သူဇာ မပြီးသေးဘူးလား ဘာလုပ်နေတာလဲ ကျောင်းနောက်ကျအုံမယ် ဘယ်နာရီရှိပြီလဲ ကြည့်ကြအုံး"
ယမင်းက လမ်းဆုံမှာစောင့်နေရတာ တော်တော်နဲ့ ပေါ်မလာလို့ထင်ပါရဲ့ သူတို့ဆီကို သူကိုယ်တိုင်ရောက်လာတယ်။
ဝေယံကတော့ လမ်းဆုံအှာထိုင်စောင့်နေခဲ့ပါတယ်။"အေးအေး ပြီးတော့မှာ"
ထမင်းစာရင်းနဲ့သူဇာကဖြေလိုက်တယ်"ထမင်းစားနေတာတဲ့ "
"မြန်မြန်စား တော်ကြာဟိုဆရာကြီးက ပွားနေအုံးမယ်"
ဟိုဆရာကြီးဆိုတာက ဝေယံကိုပြောတာပါ။
ဝေယံက နေရာတကာဆရာလုပ်ချင်တယ်။"အေးပါဟဲ့"
"စကားပြောမနေနဲ့ ထမင်းတာ မြန်မြန်စား ဒါမှအချိန်မကုန်မှာ"
ဖြိုးက အဲ့လိုပြောနေပေမဲ့ သူဇာက ဟိုဟင်းလေးဆယ်လိုက်
ဒီဟင်းလေးထည့်လိုက်နဲ့ သွက်သွက်မရှိ။ထိုပုံစံကို ဖြိုးက
သဘောမကျ။
YOU ARE READING
မောင်ချစ်မြတ်နိုးရပါသောသွန်း
Acciónမောင်ချစ်တယ်သွန်းဒါပေမဲ့မောင် ထုတ်မပြတတ်ဘူး #ဖြိုးပပနိုင် သွန်းကမောင့်ကိုအချစ်ဆုံးပါ မောင်ရယ် မောင်ကသွန်းကိုမယုံဘူးလေ မယုံတာမဆန်းပါဘူးလေ #လရိပ်သွန်း