အပိုင်း ၁ [ အခန်း 1303 ] (1)
⟨⟨သဲလွန်စ⟩⟩
"ဘယ်လိုဖြစ်နိုင်မှာလဲ ဘယ်လိုလုပ်? မဖြစ်နိုင်ဘူး....မဖြစ်နိုင်ဘူး" ယောကျာ်းကြီး၏ မျက်နှာအမူအရာသည် ရူးသွပ်နေလျက် မျက်လုံးတစ်စုံသည် နီရဲနေ၏။သူသည် မသဲမကွဲ ပြောနေသည်။ သူ့လက်တစ်ဖက်သည် သူ့ရှေ့ရှိစားပွဲခုံကို လက်ဖြင့်ပြင်းထန်စွာ ရိုက်နေပြီး နောက်တစ်ဖက်ရှိသွေးပြန်ကြောမှာ ပေါက်ထွက်မတတ်ဖြစ်နေသည်။စားပွဲပေါ်ရှိပစ္စည်းများကိုလည်း အဆတ်မပြတ်လွှင့်ပစ်နေသည်။
လက်ထဲဝှက်ထားသည့် အံစာတုံးနှစ်တုံးသည် လျှောကျလာသည်။အကြိမ်အနည်းငယ်လည်သွားပြီး စားပွဲပေါ်တွင် ငြိမ်သက်သွားသည်။အသက်ကိုခြိမ်းခြောက်နိုင်တဲ့ ကြိုးလိုမျိုး နီရဲနေ၍ အစက် ကိုးစက်ရှိတဲ့အရာ နှစ်ခုကသူ့ရဲ့လည်ပင်းကိုရစ်ပတ်သွားသည် သူ့မျက်လုံးများမှာ ပြူးထွက်နေပြီး အံကြိတ်လျက်သွားကြားထဲမှ စကားသုံးသံထွက်လာသည် " မဖြစ်နိုင်ဘူး........."
ထပ်ပြီး ထပ်ပြီး သူပစ်ပြန်တယ် ဒါပေမဲ့ ဘယ်လိုပဲပစ်ပစ် အံစာတုံးနှစ်တုံးဟာ ကိုးပဲကျပြန်သည်။ဒေါင် ဒေါင် သူ၏အနောက်ဘက်ရှိနာရီမှ စူးရှသောအသံထွက်လာသည်။ ရုတ်တရက်ရူးသွပ်နေသူသည်ရပ်သွားပြီး သူ့ခန္ဓာကိုယ်သည် ကျောက်ရုပ်ကဲ့သို့တောင့်တင်းသွားသည်။သူ့ခေါင်းကိုဖြေးညှင်းစွာလှည့်လိုက်သည့်အခါ သွေးများစွာနှင့်နီရဲနေတဲ့လက်သည်းရှိပြီး စာရွက်လိုမျိုးဖြူစုတ်နေတဲ့လက်တစ်ဖက်ကသူ့ပခုံးပေါ်တင်ထားသည်
_
လင်ပန့်ရှနှင့်ကျိလဲ့ရွှေတို့ အိမ်ပြောင်းလာသည်မှာ တစ်ပတ်နီပါးရှိနေပြီဖြစ်သည်။
အခန်းသည် 13 ထပ်တွင်ရှိပြီး တတိယမြောက်အခန်းဖြစ်သည်။အခန်းနံပါတ်မှာ 1303 လင်ပန့်ရှသည် ယွမ် တစ်သိန်းခြောက်သောင်းကို စရံအဖြစ်ပေးထားရပြီး တစ်လကို ယွမ်သုံးထောင်ဖြင့်နှစ်သုံးဆယ်ပေးသွင်းရမည်ဖြစ်သည် မြို့နှင့်နီးသည့်အိမ်ကိုဒီဈေးနဲ့ရတာ တန်သည်ဟုပြောရမည်။ချို့ယွင်းချက်တစ်ခုမှာ ပတ်ဝန်းကျင်ဖြစ်သည်။သို့သော် ဒီဈေးနဲ့ဆိုရင် ချို့ယွင်းချက်ဟူ၍ပြောမရ။
YOU ARE READING
အရိုးစုသရဲပန်းချီ《ခူးလိုဟွမ့်ရှိထူ》
Horrorစာရေးသူ - ရှီးကျစ်ရွှိ ၁၁၄ ပိုင်း + အချပ်ပို ၇ ချပ်