ပဲခူးတိုင်းတောင်ငူမြို့၏ပင်မမြစ်ဖြစ်တဲ့ စစ်တောင်းမြစ်မှခွဲထွက်လာသော ခပေါင်းချောင်းမှာ ဆောင်းဦးရာသီသို့ကူးပြောင်းလာသည်နှင့်တစ်ပြိုက်နက် မိုးရာသီကဲ့သို့ပင်
ရေတက်၊ရေလျံခြင်းများမရှိတော့ဘဲ ချောင်းအတွင်းသူ့နေရာနဲ့သူတငြိမ့်ငြိမ့်စီးဆင်းနေသည်။ ချောင်းတစ်လျှောက် စိမ်းလန်းစိုပြေသော စိုက်ခင်းများမှာမျက်စိပဒေသာဖြစ်လှ၏။ရာသီချိန်နှင့်အညီစိုက်ပျိုးထားသော ပန်းများနှင့် အသီးများမှာလည်းဖြစ်ထွန်းလှသည်။ထိုစိုက်ခင်းများအား ပိုင်သောရွာများမှာလည်း ချောင်းနံဘေးတွင် တစ်စု နှင့် တစ်စု သီးသန့်စီခွဲထားသလိုပင်။ ထိုရွာများမှ ____ ရွာရှိ အိမ်တွင်မူ'သမီးရယ် ဒီမြို့ကတက္ကသိုလ်မှာပဲတက်ပါလား
အမေဖြင့်ငါ့သမီးလေးကိုရန်ကုန်မြို့ကြီးမှာစိတ်မချနိုင်ပါဘူး..'အဝတ်များကို ကော်သေတ္တာအသေးလေးထဲသို့ လေးပင်စွာထည့်နေသောမေမေ့ထံကို ကရုဏာသက်စွာ နွေး တစ်ယောက်ကြည့်မိသည်။
'မေမေရယ် မမမြတ်လေးတို့လည်း ရန်ကုန်မှာရှိပါတယ် နွေးကိုစိတ်ချပါနော်.နွေးလည်းရန်ကုန်မြို့ကြီးကိုသွားပြီး မမမြတ်လေးသွယ်တို့လို ကျောင်းတက်ချင်လို့ပါ မေမေရဲ့နော်.'
နွေး၏ချွဲနွဲ့ဟန်ပြောတဲ့စကားအဆံုး
မေမေ၏သက်ပြင်းချသံသဲ့သဲ့ ကိုကြားရ၏
နွေးလည်း အခုချိန်မှာမေမေတို့နှင့် မခွဲချင်သော်လည်းခွဲရပေအံုးမည်။ နွေးမေမေတို့ကို အလုပ်မလုပ်စေချင်တော့ပါ။ နွေးဘွဲ့ရပညာတက်ကြီးဖြစ်ချင်သည်။ဒါမှနွေးအလုပ်ကောင်းကောင်းရမှာ။နွေးအရွယ်ရောက်နေပီလေ မေမေတို့ကို ရှာဖွေကျွေးမွေးရမဲ့အရွယ်ဖြစ်နေပီ။
' ကဲ ဒေါ်နှင်းကလျာ နွေးလေးကနောက်တစ်နေ့ဆိုပဲသွားရတော့မယ် သမီးကိုနောက်စံတင်းအောင်မလုပ်စမ်းနဲ့ '
မေမေ၏မျက်စောင်းမမည်သော အကြည့်သည် အခန်းဝရှိ ဖေဖေ့ထံသို့ဒိုင်းခနဲ့
' တော်ကဘာများသိလို့ဝင်ပြောရတာလဲ ကျွန်မမှာကဒီသမီးလေးပဲရှိတာ နွေးလေးပဲကျွန်မကိုအဖော်ပြုပေးတာ'
YOU ARE READING
Fall in love with you
Romanceကိုကိုကနွံလိုပဲ ရုံးလေနစ်ဝင်လေ မြတ်ဘုန်းသုတမောင်+နွေးသက်ကလျာ