မနက် ၆နာရီသာရှိသေးသော်လည်း ပတ်ဝန်းကျင်၏ ဆူညံသံများကနွေး၏ အိပ်ချင်စိတ်များကို တားဆီးနေသလိုပင်။နွေးမှာဆက်၍အိပ်ချင်သော်လည်း ဘယ်လိုမှအိပ်မရ။ ဒီနေ့မမမြတ်လေး နွေးကိုနေရာ
အစံုလိုက်ပို့ပေးမယ်ထင်သည်။ မမမြတ်လေးရဲ့ဖေဖေ (မေ့မေ့မောင်) လေးလေးကိုလည်းနွေး သွားတွေ့ရအံုးမည်။ မမမြတ်လေးလည်း နွေးအားလာခေါ်တော့မည်ဖြစ်၍ ရေချိုးပြီးပြင်ဆင်ရန် အိပ်ယာမှထလိုက်သည်။ ခနအကြာ နွေးပြင်ဆင်ပြီးသည်နှင့် မမမြတ်လေး၏ ဖုန်းခေါ်ခြင်းကြောင့် တိုက်ခန်းအောက်ကိုသာဆင်းလာခဲ့လိုက်သည်။ထို့နောက် မမမြတ်လေးနှင့်အတူ ဆိုင်တစ်ဆိုင်ဝင်ကာ မနက်စာအရင်စားဖြစ်ခဲ့ကြပြီး Junction city ဟုခေါ်သော ကုန်တိုက်ကြီးထဲဝင်ခဲ့ကြသည်။ နွေးဝင်ဝင်ချင်း လွန်စွာအံ့ဩမိသည်မှာ တခြားနိုင်ငံကိုရောက်သည်ဟု ထင်မှတ်ရသည်အထိပင်။ ထင်ရကောင်းဆို နွေးနေခဲ့ရတဲ့ နယ်မြို့လေးနဲ့ ရန်ကုန်မြို့ကြီးဟာ လွန်စွာကွဲပြားမှုရှိလှသည်။
မိမိဘေးတွင် ကပ်လျက်လိုက်ပါလာပြီး ပတ်ဝန်ကျင်ကို အံ့ဩနေဟန်ဖြင့် ကလေးလေးလိုလိုက်ကြည့်နေသည့် နွေးပံုလေးမှာ ချစ်စရာကောင်းလှသည်။ မရောက်ဖူးတဲ့နေရာအသစ်သို့ရောက်နေ၍ ထူးခြားနေပံုလည်းပေါ်ပါသည်။
' နွေး မမနဲ့လူချင်းမကွဲစေနဲ့နော်'
'ဟုကဲ့ မမမြတ်လေး'
ရောက်နေတာ နာရီဝက်ပင်ရှိနေသော်လည်း ညောင်းတယ်၊မောတယ် ခနထိုင်ရအောင် ဟုတစ်ချက်မှမဆိုဘဲ မိမိအနောက်သို့ ထပ်ကြပ်မခွါ လိုက်နေပြီး ဘာကိုမှလည်းမပူဆာတတ်တဲ့နွေးဟာ အလိုက်သိတဲ့ကလေးမလေးပင်ဖြစ်သည်။ နောက်ဆံုး မနေနိုင်သည့် သူမကပဲ
' ဆူရှီစားချင်လားနွေး ဟိုနားကဆိုင်ကတော့ကောင်းတယ်'
' ဟုတ်မမ မမစားချင်ရင်နွေးတို့သွားမယ်လေ'
'မမစားချင်တာထက် နွေးလေးကိုမမကျွေးချင်လို့ပါ
လာသွားအောင်'နွေးလက်လေးကိုဆွဲကာဆိုင်အတွင်းသို့..
နွေးတို့ဆိုင်ထဲရောက်တော့ မမမြတ်လေးကမီနူးကိုကြည့်ကာဒိုင်ခံမှာနေသည်။ နွေးတို့ထိုင်နေသောဆိုင်လေးသည် ဆူညံမှုလည်းမရှိသလို အနံ့အသက်များလည်းထွက်နေခြင်းမရှိပါ။ ဆိုင်၏အပြင်အဆင်များကလည်း နွေးကြည့်ဖူးသည့် ကိုးရီးယားဇာတ်လမ်းများ ထဲကလိုပင် သက်သက်ရပ်ရပ်ရှိသည်။ နွေးတို့မှာထားသည့်မုန့်များရောက်လာတော့ မုန့်များကလည်းစားချင်စဖွယ် စားကြည့်တော့အရသာမှာ မဆိုးလှ။နွေးကြိုက်
ပါသည်။
YOU ARE READING
Fall in love with you
Romanceကိုကိုကနွံလိုပဲ ရုံးလေနစ်ဝင်လေ မြတ်ဘုန်းသုတမောင်+နွေးသက်ကလျာ