ဒီနေ့ ရွာကိုပြန်ရောက်နေပြီမို့ ကျေးရွာရဲ့အပျိုအဖွဲ့အစည်းကခေါ်တဲ့ နာရေးကိုသွားရသည်။ပထမဆုံးပါဘဲ အပျိုထဲဝင်ပြီး ပထမဆုံးလိုက်ရတဲ့ပွဲ အစမို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။အပျိုတွေအတွက် ခင်းကျင်းပေးထားတဲ့နေရာမှာဝင်ထိုင်မိသည်။အားလုံးကအသိတွေဘဲဆိုပေမယ့် ရင်းနှီးမှုတော့သိပ်မရှိဘူး။အထူးသဖြင့် ကျွန်မဘေးမှာထိုင်နေတဲ့ အမျိုးသမီးနဲ့ပေါ့။
သူမနာမည်က သက်သက်မွန် အသက်ကတော့ အစိတ်လောက်ရှိမယ်ထင်တယ်။အရပ်အမောင်းကတော့ အပျိုတွေထဲသူအမြင့်ဆုံး မိန်းကလေးအရမ်းမဆန်တဲ့သူမပုံက အလိုလိုဆွဲဆောင်မှုရှိသည်။ရှိသမျှအပျိုတွေထဲက ဇာတ်ကားတွေ သူ့ဖုန်းထဲကူးယူေနသည်။ i phone ဆိုတော့ ဇာတ်ကားကူးရတာသိပ်အဆင်မပြေပုံ။တစ်ချို့ကားတွေကြည့်မရလို့ ကူးပြီးအလကားဖြစ်ရသည်။
ဘာရယ်မဟုတ်သူမကိုအတန်ကြာငေးမောနေမိသည်။
လူကျပ်တော့ သူမဒူးတွေက ကျွန်မဒူးပေါ်ထပ်ကာတင်ထိုင်ထားသည်။ဘယ်လိုရင်ခုန်မှုကြီးပါလိမ့်။ဘေးလူတွေကြားသွားမလားစိတ်ပူရသည်။သူမက သူမခရီးထွက်ဖြစ်ခဲ့တဲ့အတွေ့အကြုံတွေကိုမျှဝေနေသည် ဒီကအမျိုးသမီးထုကြီးက သူမစကားကိုစိတ်ဝင်တစားနားစိုက်ထောင်နေလျက်။
သူမထိုင်းကိုသွားပြီး ထိုင်းဝတ်စုံနဲ့ပုံလေးတွေပြသည်။ထိုင်းအစားအစာလေးတွေ အထင်ကရနေရာလေးတွေ ပြီးတော့ဘတ်ငွေတွေ ။အားလုံးကတော့တအံ့တဩနဲ့ပေါ့။ကျွန်မကတော့ ကျန်တဲ့အရာတွေထက် ထိုင်းဝတ်စုံနဲ့သူမကိုပိုစိတ်ဝင်စားနေသည်။အစောတည်းက ထိုင်းသွားချင်တဲ့အိမ်မက်ရှိတာမို့ သူမပြောပြတာလေးတွေသေချာနားထောင်နေမိသည်။ဆယ့်ငါးရက်ခရီးအတွက် ပိုက်ဆံ အစိတ်သုံးဆယ် သုံးခဲ့တဲ့သူမကြောင့် ကိုယ့်ကိုယ်ကိုယ်တောင်သိမ်ငယ်သွားရသည်။အဲ့ဒီအမောက်က ကျွန်မတစ်နှစ်အသုံးစရိတ်လောက်ရှိသည်။သူမကဘာသာစကားသုံးမျိုးတတ်ပြီး နိုင်ငံခြားစကောလားရှစ်ရတာတောင် ငြင်းခဲ့သည့်သူ။
အရာရာမှာ ထူးချွန်ထက်မြတ်ပြီး ချမ်းသာတဲ့အသိုက်အဝန်းကမို့ ကျွန်မအနေနဲ့ မျှော်ကြည့်ရုံသာတတ်နိုင်သေးသည်။တစ်နေ့ကျ အစ်မလိုဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ခံယူချက်လေး ထားလိုက်သည်။