Taishan(တရုတ်ပြည်ရှိကျော်ကြားသောတောင်၏အမည်) ပြိုလဲသွားခဲ့လျှင်တောင်မှ Lu Shen ၏အမူအရာသည် ပြောင်းလဲသွားမည်မဟုတ်ပေ။
Hui Yin ၏ချစ်စဖွယ်ဟန်ပန်အမူအရာကို ခုခံကာကွယ်နိုင်စွမ်းသောအရာဆိုသည်မှာမရှိချေ။ ၎င်းသည် mana နှင့် HP ကို လျှော့ချနိုင်ကာ အခြေခံအားဖြင့် ဤတိုက်ခိုက်မှုသည် ပြင်းထန်သဖြင့် ကြုံတွေ့ရသူတိုင်းသည် ကံမကောင်းသူဖြစ်သည်ဟုပင်ဆိုနိုင်သည်။
Nian Zhen ၏ပါးစပ်သည်ပင်လျှင် ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားနိုင်သည်အထိ ကျယ်သွားသည်။
Hui Yin က သူမ၏အောက်နှုတ်ခမ်းကို စိတ်ကောက်နေသကဲ့သို့ စူထုတ်ထားလိုက်သည်။ "ယောက်ျား၊ ချစ်ကို လျစ်လျူရှုနေတာလား"
Lu Shen သည် ထိုမိန်းကလေးကို နမ်းရမည်လား ချည်နှောင်ထားရမည်လား မသိတော့ပေ။ သူမသည် ၎င်းကို ရည်ရွယ်ချက်ရှိရှိ လုပ်နေမှန်း သူသိသော်လည်း ထိုအရာသည် သူ၏ထိန်းချုပ်နိုင်စွမ်းကင်းလွတ်သွားအောင် လှုံဆော်နေသည်။သူမ၏အမူအရာကို ကြည့်ခြင်းအားဖြင့် သူသည် ဒုတိယအချက်ကိုပြုလုပ်ဖို့ ပြင်းပြသော ဆန္ဒရှိသည်။
Hui Yin သည် သူမ၏နှလုံးသားထဲတွင် တိတ်ဆိတ်စွာ ရယ်မောလိုက်သည်။ကျိကျိတက်ချမ်းသာသောလူတန်းစားများ သိကြသည်မှာ မည်ကဲ့သို့ဗိုင်းကောင်းကျောက်ဖိပြုမူနေရမည်သာဖြစ်သည်။ တစ်စုံတစ်ယောက်သည် သူတို့ထင်ထားသည့်အတိုင်း မလုပ်ဆောင်ဘဲ တမူထူးအောင်ပြုမူခြင်းအတွက် ၎င်းတို့၏ "ငါတို့ကတော့ ဘယ်အရာတွေကိုဘယ်လိုပြုမူတယ်"ဆိုသောချမ်းသာသောလူတန်းစားအတွက် ထုတ်ဝေထားသောစာအုပ်မှာပင် အဖြေရှိမည် မဟုတ်သည်မှာ Hui Yin သေချာသည်။
Lu Shen သည် ထိုမိန်းကလေး၏အတွေးကို သတိထားမိပေသည်။ သူမ၏မျက်လုံးထဲတွင် သရော်လှောင်ပြောင်မှုကို သူမြင်နိုင်သည်။ သူ့အပေါ် သူမ မည်ကဲ့သို့ထင်မြင်သည်ကို သူသိသဖြင့် ထိုအရာသည် သူ့မျက်စိအောက်က လွဲချော်မသွားပေ။
ကောင်းပြီ၊ ဒါက အခွင့်အရေးပဲ။
တက်ကြွနေတဲ့ယုန်ကို သူမကိုယ်ပိုင်ထောင်ချောက်ထဲမှာ ဖမ်းဖို့အခွင့်အရေးပေါ့။