8

228 62 10
                                    

တိတ်ဆိတ်နေတဲ့ ​အခန်းငယ်တစ်ခုထဲတွင်...

       မူးနောက်နေတဲ့ ဦးခေါင်းအား ခါရမ်းပစ်လိုက်ရင်းမှ Wonwooဟာမျက်၀န်းအစုံကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်မိတယ်။ ဘာတွေဖြစ်ပျက်သွားမှန်းမသိတဲ့ အခြေအနေတစ်ခုကြောင့် ရောက်ရှိနေတဲ့ နေရာကို သေချာစူးစမ်းကြည့်မိတော့ အခန်းငယ်တစ်ခုထဲတွင် ရောက်ရှိလို့နေခြင်းပင်။ လက်ရှိမှာ Wonwooရဲ့ လက်နှစ်ဖက်ဟာ နောက်ပြန်ကြိုးတုပ်ခြင်း ခံထားရပြီး မွေ့ယာတစ်ခုပေါ်တွင် ရောက်ရှိလို့နေခြင်းပင်။

"ကျစ်!! ဘယ်နေရာရောက်နေတာလဲကွာ"

 
        စိတ်ညစ်ညူးစွာ ကျစ်စုပ်ရင်းမှ ခန္ဓာကိုယ်အား မွေ့ယာပေါ် ကြိုးစား၍ ထိုင်လိုက်ရင်းမှ အခန်းတစ်ခုလုံးကို ဝေ့၀ဲကာကြည့်မိတယ်။ အခန်းရဲ့ နံရံမှာ ပြတင်းပေါက်နှင့်တူသည့်အရာ မရှိနေပဲ နံရံထက် လေတိုးနိုင်သည့် မှန်တစ်ချပ်စာအရွယ်ရှိ သံဇကာပေါက်တစ်ခုသာ တွေ့ရလေတယ်။ ၀ါကျင့်ကျင့်မီးလုံးကြီးရဲ့ အလင်းရောင်ကြောင့် အခန်းထဲကို ကောင်းစွာ မြင်နေရတာပေါ့။ သို့ပေမယ့် အခန်းထဲတွင် မွေ့ယာမှလွဲ၍ ဘာပရိဘောဂမှရှိမနေပါ။

"ဟာားးး...ပြန်ပေးဆွဲခံရတာများလား?"

       Mafiaခေါင်းဆောင်ပီသစွာပင် အခြေအနေကို အလျင်အမြန်သဘောပေါက်သွားသူဟာ နံရံအား အမှီပြုလျက် အဖြစ်အပျက်တို့ကို ပြန်၍ ပုံဖေါ်နေမိတယ်။ Junက ကားကိုကွေ့လိုက်ပြီးနောက်ပိုင်းမှစ၍ သူ့ရဲ့ အသိစိတ်အာရုံတို့ ပျောက်ကွယ်ကာ ဘာဆိုဘာမှ မမှတ်မိတော့ပေ။ ကြိုးစား၍ စဥ်းစားကြည့်ပါသော်လည်း ဘာအဖြေမှ ထွက်မလာခဲ့။ ဒါဆို ကားပေါ်က သူနဲ့အတူလိုက်ပါလာတဲ့ Seungcheolနဲ့ Junကရော သူနှင့်အတူ အဖမ်းခံရသည်များလား။

        တစ်ယောက်ထဲ တောင်စဥ်ရေမရ တွေးနေစဥ်အခိုက်မှာ မျက်နှာချင်းဆိုင်ရှိ အခန်းသံတံခါးဖွင့်သံကို ကြားလိုက်ရတယ်။

"ကျွီ"

       အခန်းတံခါးပွင့်ဟလာမှုရဲ့နောက်မှာ စတင်မြင်တွေ့လိုက်ရတဲ့ အဖြူရောင် ဖိနပ်ရှူးထိပ်ဖျား။ ထိုဖိနပ်ပိုင်ရှင်ဟာ အခန်းထဲသို့ ၀င်ရောက်လာနေတာကို Wonwooမြင်နေရသော်လည်း ခပ်ဝေးဝေးဖြစ်နေသေး၍ မျက်နှာအား သဲသဲကွဲကွဲပင် မမြင်ရသေးပါ။ ထိုသူဟာ တစ်ကိုယ်လုံးကို အဖြူရောင်၀တ်ဆင်လို့ထားပြီး ဆံပင်အရောင်ကပါ ရွှေ၀ါရောင်ဆိုးထားလေတယ်။ ရွှေ၀ါရောင်ဆိုမှ မဟုတ်မှလွဲရော.....။

𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞 (𝐒𝐞𝐚𝐬𝐨𝐧-2)Where stories live. Discover now