စာပေဟောပြောပွဲမှာ Mingyuမိန့်ခွန်းပြောနေချိန် Victorဆီ ph၀င်လာလေတယ်။ အကြောင်းကတော့ ကြင်ယာတော် နန်းတော်မှ ထွက်ပြေးသည့်အကြောင်းဖြစ်တာကြောင့် Victorလည်း စင်ပေါ်တက်လိုက်ကာ Mingyuအနောက်နား သွားလိုက်ရင်း ခပ်တိုးတိုးကပ်ပြောလိုက်ရတယ်။
"မင်းကြီး...ကြင်ယာတော် ထွက်ပြေးသွားပါတယ်"
Mingyuထိုစကားကိုကြားတော့ စိတ်ထဲ တုန်လှုပ်သွားမိပေမယ့် မျက်နှာမှာမပေါ်အောင် ထိန်းလိုက်ပြီး မိန့်ခွန်းကို ပြေပြေပြစ်ပြစ် အဆုံးသတ်ကာ စင်ပေါ်မှ ဆင်းလာခဲ့လိုက်တယ်။ သတင်းသမားတွေနဲ့ စာပေပညာရှင်တို့ရဲ့ မေးခွန်းတွေကိုပင် မဖြေနိုင်တော့ပဲ ကိုယ်ရံတော်တွေနဲ့အတူ အဆောက်အဦးရဲ့ အနောက်ဘက်သို့ ထွက်လာခဲ့လ်ိုက်ရတယ်။ ကားတွေက အသင့် အနောက်ခြမ်းမှာစောင့်နေတာကြောင့် တံခါးကထွက်တာနဲ့ ကားနောက်ခန်းတွင် အသင့်၀င်ထိုင်လိုက်တယ်။
"Victor...ကြင်ယာတော်ကို ခြေရာခံလို့ရလား"
"မရပါဘူး...phက နန်းတော်ထဲမှာ ထားခဲ့ပါတယ်"
"ထားတော့ နောက်မှဆက်မေးမယ်...အခုနန်းတော်ကိုမောင်း"
"ဟုတ်ကဲ့...မင်းကြီး အမိန့်အတိုင်းပါ"
Mingyuလည်း ကားပေါ်လိုက်ပါလာရင်းနဲ့ စိတ်ညစ်ညူးစွာ နက်ခ်တိုင်အား လျော့သွားအောင် လက်ဖြင့်ဆွဲချလိုက်မိတယ်။ Wonwooစိတ်ထဲ ဘယ်လိုတွေတွေးပြီး ဘာတွေလုပ်နေလဲဆိုတာ Mingyuကိုယ်တိုင်လည်း နားမလည်နိုင်တော့ပေ။ ထွက်ပြေးရသည်အထိတဲ့လား...Mingyu သူ့အပေါ် ဘာတွေများမှားနေခဲ့လို့ ဒီလောက်အထိ လုပ်ရသည်လဲ။ အလုပ်ဒဏ်ရော စိတ်ဒဏ်ရောကြောင့် ပင်ပန်းနေတဲ့ Mingyuလည်း ဘာမှဆက်မတွေးနိုင်တော့ပဲ သက်ပြင်းသာ ချလိုက်မိတော့တယ်။
နန်းတော်ပြန်ရောက်တော့....
Mingyuရောက်တာနဲ့ ကြင်ယာတော်အဆောင်သို့ အရင်၀င်လိုက်တယ်။ အရင်လိုမဟုတ်ပဲ တိတ်ဆိတ်နေမှုကသာ သူ့အား ဆီးကြိုလို့နေပြီး မနက်ကတွေ့ခဲ့တဲ့ ထည့်လက်စ အ၀တ်အိတ်လည်း ရှိမနေတော့ပေ။ စိတ်ညစ်ညစ်နဲ့ ကုတင်ပေါ် ထိုင်ချလိုက်ကာ ဆံပင်တွေထဲ လက်ချောင်းတို့ထိုးထည့်ရင်း ဆွဲဖွလိုက်မိတယ်။