-LITTLE ARCANE - 2 -
-
-
-
" ရိပေါ် ... လာစမ်း မင်းဒါကို လာစားကြည့် "
နေ့လည်ဘက် နေပူနေတဲ့ဟာကို ခေါက်ဆွဲအစပ်သုပ်စားချင်တာမို့ ရိပေါ်ကိုယ်တိုင်လုပ်ပေးထားတာဖြစ်သည်။
ရိပေါ်မြည်းကြည့်တုန်းက ရေတစ်ဘူးလောက်ကုန်အောင်သောက်ခဲ့ရသေးသည်။
အရသာအနေတော်ပေမဲ့ စပ်တာတော့ အတော်စပ်သည်။
" ရှောင်းသခင်လေး စားမကောင်းလို့လားဗျ .."
" စားကြည့်.."
" ဟို.. ရိပေါ်.. "
" ..... "
စူးရဲနေတဲ့အကြည့်တွေကြောင့် ရိပေါ် သခင်လေး စားလက်စအား ယူစားလိုက်သည်။
စပ်လွန်း၍ ရိပေါ်မျက်နှာတစ်ခုလုံးနီရဲလာတော့သည်။" သခင်.. သခင်လေး.. ကျွန်တော်မစားနိုင်... တော့ဘူး..."
ပေါက်ကွဲမတက်နီရဲနေတဲ့မျက်နှာလေးကို ကြည့်ပြီး ရှောင်းကျန့် အကြီးအကျယ်သဘောကျနေမိသည်။
ဘာလို့အဲ့လောက် အမြင်ကပ်ဖို့ကောင်းနေရတာလဲ..
ယောင်္ကျားလေးဖြစ်ပြီး အစပ်တောင်မစားနိုင်ဘူးတဲ့...
ရေဘူးထိုးပေးလိုက်တော့ အတင်းယူသောက်လိုက်ပုံက အနှစ်နှစ်အလလ ရေငတ်တဲ့သူလို...
နှုတ်ခမ်းဖူးဖူးလေးသည် ရေနဲ့ထိတွေ့ထားသည်မို့ စိုလဲ့နေကာ အစပ်ဒဏ်ကြောင့်ထင် ပို၍ နီထွေးကာရဲနေ၏။
မျက်ခမ်းစပ်များသည်လည်း မျက်ရည်များစို့ဝဲနေလျက်။ထိုအချင်းအရာများသည် ရှောင်းကျန့်နှလုံးသားကို ပုရွတ်ဆိတ်လေးတွေကိုက်နေသလို တတိတိနဲ့...လှိုက်စားနေ၏ ။
ရှောင်းကျန့် အမြန်ပင် အကြည့်လွှဲမိလိုက်သည်။
" ထွက်သွားတော့..."
" ဟုတ်.. ဟုတ်ကဲ့ "
_
_______
ညနေစောင်းမို့ ညစာစားချိန်ပင် နီးကပ်နေပြီဖြစ်သည်။
မားရောပါးရော ညီမလေးပါ ပါတီသို့သွားသည်မို့ ရှောင်းကျန့်သာကျန်ခဲ့သည်။
တမင်နေခဲ့သည်အား လျစ်လျူရှူလိုက်သည်။
YOU ARE READING
LITTLE ARCANE // Z S W W //
FanfictionHello Everyone... ✨💜 ရှန်ဟိုင်မြို့ကို ရည်ရွယ်ချက်တစ်ခုကြောင့် တက်လာတဲ့ ကောင်ကလေးက ရှောင်းအိမ်တော်မှာ ဥယျာဥ်မှူးအနေနဲ့ အလုပ်လျှောက်ခဲ့တယ်... ဂုတ်ထောက်ဆံပင်လေးတွေက အမြဲဖုံးအုပ်နေတာမို့ တောက်ပတဲ့မျက်ဝန်းတွေကို မြင်ရဖို့ေတာင်ခက်ခဲတယ်... အဲ့ဒီအချက်...