-LITTLE ARCANE - 6 - Unicode

101 32 3
                                    

-LITTLE  ARCANE   - 6 -



-






.


..........


-

ရိပေါ်ရဲ့ညဘက်အလုပ်ကလေးကလဲ အဆင်ပြေပြေပါပဲ...။

သူငယ်ချင်းအသစ်တောင်ရလိုက်သေးတယ်...။

2ယောက်ဆိုတော့ ညရေးညတာ ပိုအဆင်ပြေပြီး နှစ်ယောက်သားအတွဲညီတာမို့ ညီအစ်ကိုအရင်းတွေလိုပင်။

ဟွမ်ကျန်းကျဲ (Huang Jun Jie ) က ရိပေါ်ထက် ကြီးတာမို့ ဟွမ်ကောလို့ ခေါ်ပေမဲ့  ဟွမ်ကောကတော့ ရွယ်တူသူငယ်ချင်းတွေလိုသာ ဆက်ဆံပါသည်။

ရိပေါ်အတွက် ခနခနရောက်လာတဲ့ Deli serviceဆီကအစားအသောက်‌တွေက ဘယ်ကမှန်းမသိပေမဲ့ ဟွမ်ကောကတော့ လက်ခံစားသောက်တက်သည်။

ညစာအတွက် ကူစားပေးမဲ့သူရှိပေမဲ့ မနက်စာနဲ့နေ့လည်စာအတွက်ကတော့ ရိပေါ်တစ်ယောက်တည်းသာ သုံးဆောင်ရတော့တာပဲ..။

" ဟွမ်ကော... ကျွန်တော်တို့ ဒီ Sunday ကုန်တိုက်သွားကြမလား..."

" ဝယ်စရာရှိလို့လား "

" မဟုတ်ပါဘူး... ဒီတိုင်း ကျွန်တော်တို့ တစ်ခုခုဝယ်ပြီး သောက်ကြမလားလို့..."

" အာ... မဆိုးပါဘူး.. ကောလဲ ကြောင်လေးအတွက် အစာ‌ဝယ်ပေးရမှာ အဲ့ဒါ ဝယ်ပြီးတာနဲ့ သောက်စရာတစ်ခုခုဝယ်ပြီး အိမ်ပြန်လာကြတာပေါ့ .. "

" ကောင်းတယ် ကော ဒါဆို ကျွန်တော်တို့ ညနေမစောင်းခင်သွားကြတာပေါ့.. တကယ်ဆို ညဘက်မှ သောက်လို့ကောင်းတာလေဗျာ ဟဲဟဲ "

"  ဟားဟား * ကောင်စုတ်လေး အတက်ကောင်းတွေ တက်နေတာ "



" ကောက ကြံရာပါပဲ... Haha "

နှစ်ယောက်သား ရင်းနှီးတဲ့ဆက်ဆံရေးမို့ ရှောင်းကျန့် ကားပေါ်ကနေ မမှိတ်မသုန် ‌ကြည့်နေမိသည်။

ဘားသွားမယ်ဆိုပြီး ထွက်လာပေမဲ့ မနေနိုင်တော့ လာကြည့်မိနေပြန်ရော...

ဘေးနားက ကောင်က  ကြာကြာအသက်မရှင်ချင်တော့ဘူးထင်တယ်...။

ကျစ်....*

_

_

ကုန်တိုက်ထဲရောက်တော့ ကြောင်စာကို ဂရုတစိုက် ရွေးဝယ်နေတဲ့ဟွမ်ကောက သူ ကြောင်ပေါက်ကို တော်တော်ချစ်ပုံရတယ်။ ဟိုဖက်အတန်းမှ အနားကိုရောက်လာတဲ့ လူကြောင့် ရိပေါ် ဟချက်နေတဲ့ ပါးစပ်ကို အလျင်အမြန်ပြန်ပိတ်လိုက်ရတယ်။

LITTLE  ARCANE // Z S W W  // Where stories live. Discover now