"wonwooရေ..သားမြန်မြန်လာခဲ့တော့လေဘာလုပ်နေတာတုန်း"
အိမ်ပြောင်းရွေ့ရန် အထုတ်တွေကားပေါ်တင်နေရင်း wonwooကိုလှမ်းခေါ်လိုက်ရသည်။
"မေမေ အူရီလေးရော အူရီကိုရှာမတွေ့ဘူးမေမေ"
'အူရီ'ဆိုတာwonwooမွေးထာတဲ့ကြောင်ဖြူလေးတစ်ကောင်ဖြစ်သည်။ အိမ်ပြောင်းတော့မည်ဖြစ်တာကြောင့်တစ်ခါတည်းခေါ်ခဲ့ရန်wonwooအိမ်ထဲကိုဝင်ရှာတော့ အူရီလေး ကပျောက်နေသည်။
"ဟယ် ..ဟုတ်လား ခုနကတောင်အိမ်ပေါက်ဝမှထိုင်နေသေးတာကို တနေရာရာထွက်သွားလို့လားမသိဘူး "
"အာ...ဒီကောင်ကတော့ ဘယ်တွေထွက်သွားပြန်တာပါလိမ့်"
wonwooဘေးပတ်ဝန်းကျင်မှာသွားရှာဖို့ခြေလှမ်းပြင်လိုက်တော့ အိမ်ဘေးကချုံပုတ်လေးထဲကနေ လှုပ်စိလှုပ်စိနဲ့ထွက်လာတော့သည်။
" ရားးး အူရီ မင်းဘယ်တွေလျှောက်သွားနေတာလဲဟမ်
နောက်ခါလျှောက်မသွားနဲ့"wonwooကအူရီလေးကိုကောက်ပွေ့လိုက်တော့ ညောင်ညောင်ညောင်နဲ့ခေါင်းလေးနဲ့ပွတ်သပ်နေလေသည်။
"သား ဘာပစ္စည်းကျန်သေးလဲ သေချာကြည့်ဦး"
"မကျန်တော့ဘူး မေမေ သားအကုန်တင်ထားပြီးပြီ"
"ကောင်းပြီ အာ့ဆို မေမေတို့သွာရအောင်လေ နေမြင့်နေဦးမယ်"
wonwooလည်းခေါင်းငြိမ့်ပြလိုက်ပြီး အူရီလေးကိုပိုက်ကာ ကားထဲဝင်ထိုင်လိုက်သည်။
wonwoo ရဲ့အဖေက အမှုစစ်တစ်ယောက်ဖြစ်တာမို့ ကျရာနေရာမှာသွားရောက်တာဝန်ထမ်းဆောင်ရသည်။ထို့ကြောင့် wonwooအဖေတာဝန်ကျတဲ့နေရာတိုင်းကိုwonwooတို့မိသားစုလိုက်ရွေ့ပြောင်းတတ်ကြသည်။2နှစ်တစ်ခါ ပြောင်းနေရတဲ့ အတွက်ကြောင့်wonwooကတော့ထူးထူးဆန်းဆန်းစိတ်မလှုပ်ရှားနေ လက်ထဲက အူရီလေး ကိုသာပိုက်ပြီးဆော့ကစားရင်းလိုက်လာသည်။"သားရေ ရောက်ပြီဟေ့"
အမေပြောတော့ wonwoo လည်းကားပေါ်ကဆင်းကာ ဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်သည် anyangဆိုတာဒါကို။wonwooတို့နေမယ့်အိမ်လေးက နှစ်ထပ်တိုက် အသေးလေးဖြစ်သည်။အိမ်လေးရဲ့အဝင်ဝမှာ စက္ကူပန်းပင်နီနီလေးတွေနှင့် သစ်ပင်စိမ်းစိမ်းစိုစိုလေးတွေရောယှက်နေသည်။ပတ်ဝန်းကျင်မှာလည်းတိတ်ဆိတ်လျက်သား။wonwooဒီပတ်ဝန်းကျင်လေးကိုသဘောကျမိသည်ထင်ပါရဲ့ နှုတ်ခမ်းလေးကိုကွေးညွတ်အောင်ပြုံးမိသွားသည်။ မေမေကအိမ်တံခါးကိုဖွင့်တော့ wonwooလည်းနောက်ကလိုက်သွားလိုက်သည်။ထိုနောက်သူပြုံးမိသွားပြန်သည် အိမ်ထဲမှာဒန်းတစ်စင်းရှိနေသည်တဲ့လေ။wonwooပြောင်းရွေ့နေလာသမျှနေရာတိုင်းမှာ တိုက်ခန်းများနှင့် ခြံပြည့်ဝန်းပြည့်အိမ်များသာဖြစ်ပြီး ဒီလိုခြံဝန်းလေးနဲ့အိမ်ကိုတော့ပထမဆုံးနေဖူးခြင်းပင်။
wonwooလည်းမေမေကို ပစ္စည်းတွေဝိုင်းကူချပေးရမည်ဖြစ်တာကြောင့် အူရီလေးကို ဒန်းပေါ်တင်ထားကာ
အထုပ်တွေကိုကူချပေးခဲသည်။ညနေစောင်းတော့..
wonwooညနေစာစားပြီး ခြံထဲဆင်းပြီးလမ်းလျှောက်နေလိုက်သည်။ အေးမြတဲ့လေညင်းလေးကိုခံစားပြီး ဟိုလျှောက်ဒီလျှောက်လုပ်နေတုန်း ခြံရှေ့မှ အသံတွေကြားတာကြောင့် wonwooခြံတံခါးဖွင့်ကြည့်မိတော့ ကောင်လေးသုံးယောက် စက်ဘီးတွေ အပြိင်နင်းပြီးအော်ဟစ်ရယ်မောသွားလေသည်။wonwooလှမ်းကြည့်လိုက်တော့ ကောင်လေးတစ်ယောက်ကနောက်လှည့်ပြီး ရယ်ပြလာသည်။ wonwoo ကပြန်ပြီး ရယ်မပြပဲ အိမ်ထဲကိုတန်းနေအောင်သာပြေးဝင်ခဲ့သည်။
နဂိုကတည်းကလည်းအပေါင်းအသင်းသိပ်များတာကြောင့် စကားနည်းတာကြောင့်ရော သူခုမှရောက်ခါစရပ်ကွက်နှင့်လိုက်လျောညီထွေစွာမနေနိုင်သေးပါ။
သို့ပေမယ့် သူမှတ်မိလိုက်တာက အစွယ်လေးတွေပင် ခုနကသူ့ကိုရယ်ပြလိုက်တဲ့ကောင်လေးမှာ အစွယ်လေးတွေနဲ့တဲ့လေ။။။............................................
နည်းနည်းလေးပဲရေးထားသေးတယ်
နောက်ပိုင်းတွေမှ အများကြီးရေးပေးတော့မယ်နော်
ပထမဆုံးရေးဖူးခြင်းဆိုတော့ ကြိုက်ကြပါ့မလားလို့စိုးရိမ်မိတယ်။တခုခုလိုအပ်တာရှိရင်လည်းဝေဖန်ပေးကြပါဦးနော်🥹
ကြယ်လေးလည်းနှိပ်ပေးသွားပါဦးလို့။ဖတ်ပေးတဲ့သူတစ်ယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ။🫶🏼🤍
YOU ARE READING
unexpected love
Fanfictionမင်းနဲ့ဆုံခဲ့တာကို ငါနောင်တရမိတယ် mingyu.... ဟောဗျာ... ခုမှနောင်တရလည်းဘာမှမထူးတော့ဘူးလေ ကျွန်တော်အစကတည်းကခင်များအပေါ်ဘာခံစားချက်မှမရှိခဲ့ပဲ ဟက်... *ခေါင်းစဉ်အတိုင်းပါပဲunexpected love ဆိုတဲ့အတိုင်း မမျှော်လင့်ထားတာမျိုးတွေဖြစ်လာနိုင်တာမို့ တူတူလိ...