wonwooကကျောင်းသွားကျောင်းပြန်ချိန်တွေကိုတဖြည်းဖြည်းနေသားကျလာသည်။ အရင်ကျောင်းတွေမှာလိုစာကိုတစိုက်မတ်မတ်ကြိုးစားနေတာမလို့ ကျောင်းတွင်လည်း စာအရမ်းတော်တဲ့ jeon wonwoo ဆိုပြီး နာမည်ကြီးလာလေသည်။ wonwooလည်းငယ်ငယ်ကတည်းကအိပ်မက်ဖြစ်တဲ့ဆရာဝန်ဖြစ်ရမယ်ဆိုတာကို ခုထက်ထိစိတ်ထဲစွဲကာ စာကိုအင်မတန်ကြိုးစားသည်။
အပေါင်းအသင်းလည်းသိပ်မထားပဲ ဘေးချင်းကပ်ရပ်ထိုင်တဲ့ junနဲ့သာတရင်းတနှီးဖြစ်လာတယ်။ junကသဘောအလွန်ကောင်းတယ်။ဒါနဲ့များ junကိုလူေတွမာနကြီးလိုက်တာလို့ပြောကြတာပါလိမ့်။ junကမိန်းကလေးတွေနဲ့ပတ်သတ်ရင်သာခါးခါးသီးသီးဆက်ဆံလေ့ရှိသည်။ ဒါတောင်သူ့ကိုသဘောကျတဲ့မိန်းကလေးတွေကဝိုင်းဝိုင်းလည်။ ဘယ်သူ့ကိုမှလည်းပြန်မကြိုက်။ junက တစ်ကယ်စမတ်ကျတယ်လို့တော့ wonwooတွေးလိုက်မိသည်။
"wonwoo ရား .. မုန့်သွားစားမယ်လိုက်ခဲ့ မင်းတစ်ချိန်လုံးအခန်းထဲကမထွက်ပဲနေမို့လား ဒီလိုနဲ့ကျောင်းပြီးသွားလိမ့်မယ် စာကြိုးစားတာလည်းကြိုးစားပေါ့ကွာ ဒါမဲ့ သူငယ်ချင်းနဲ့လည်း အချိန်လေးနည်းနည်းဖြုန်းပေးပါဦး"
"ဟုတ်ပါပြီ ဟုတ်ပါပြီ လိုက်ခဲ့ပါမယ် လာလာ"
junလည်းပြုံးစိစိလုပ်ကာ မုန့်ဈေးတန်းကိုထွက်ခဲ့ကြသည်။
"jun hyung အဲ့လိုပြုံးတာ သိပ်မမြင်ဖူးဘူးနော်"
"ဟင်"
mingyu လည်းminghaoပြောတော့လှမ်းကြည့်လိုက်သည်။junဆိုတဲ့တစ်ယောက်နဲ့ မျက်မှန်လေးက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရယ်မောကာ မုန့်ဈေးတန်းဘက်ကိုလျှောက်လာကြသည်။
"အဲ့စာဂျပိုး hyungကိုလည်းခုမှပဲမြင်ရတော့တယ်"
"ရား... minghao စားမှာသာစားကွာ သူများတွေလိုက်ကြည့်မနေနဲ့လေ"
mingyuပြောလိုက်တော့မှ minghaoလည်း ခေါက်ဆွဲကိုပြန်ကုန်းစားနေသည်။ တစ်ချက်တစ်ချက်တော့လှမ်းလှမ်းကြည့်မိသေးသည်။
"wonwooမင်း ခေါက်ဆွဲစားမယ်မလား "
"အင်း"
"ဘာခေါက်ဆွဲစားမလဲ"
YOU ARE READING
unexpected love
Fanfictionမင်းနဲ့ဆုံခဲ့တာကို ငါနောင်တရမိတယ် mingyu.... ဟောဗျာ... ခုမှနောင်တရလည်းဘာမှမထူးတော့ဘူးလေ ကျွန်တော်အစကတည်းကခင်များအပေါ်ဘာခံစားချက်မှမရှိခဲ့ပဲ ဟက်...