wonwooကျောင်းအသစ်ကိုတပ်ဖို့ပြင်ဆင်ရသည်။သူ့အတွက်ကကျောင်းတစ်ကျောင်းပြီးတစ်ကျောင်းပြောင်းနေရတာမို့လို့ ထူးထူးဆန်းဆန်း မခံစားရ။ကျောင်းမဖွင့်ခင်နှစ်ရက်လောက်အလိုကတည်းက wonwooအဖေနဲ့အတူကျောင်းသွားအပ်ခဲ့ပြီး ကျောင်းဝတ်စုံကိုပါတစ်ခါတည်း ဝယ်ခဲ့လိုက်သည်။ wonwoo uniform အသစ်ကိုဝတ်ဆင်ကမှန်ထဲမှာဟိုကြည့်ဒီကြည့်ကြည့်နေလိုက်သည်။
မျက်မှန်အမည်းလေးရယ်ကျောင်းဝတ်စုံလေးရယ်ကwonwooနဲ့လိုက်ဖက်လွန်းသည်။"wonwooရေ မနက်စာစားရအောင်လေ"
"ဟုတ်..မေမေ"
wonwooလည်းဆံပင်လေးတွေကိုသပ်ကာ အောက်ကိုဆင်းလာပြီး မိသားစုနဲ့အတူ မနက်စာစားသည်။ပြီးနောက်
"မေမေ ဖေဖေ သားသွားတော့မယ်"
"အေးအေး သားဂရုစိုက်သွားဦးနော် ကျောင်းမှာလည်းအဆင်ပြေပါစေ"
"ဟုတ်....."
wonwoo pov:
သူကပဲဝီရိယကောင်းနေသည်လား ဘတ်စ်ကားကပဲနောက်ကျသည်လားတော့မသိ ကားမှတ်တိုင်မှာ ထိုင်ပြီးစောင့်နေရသေးသည်။ခနအကြာမှာတော့ကားရောက်လာတာကြောင့် wonwoo ကားပေါ်တက်လိုက်သည်။ ပြတင်းပေါက်ဘေးခုံမှာဝင်ထိုင်ပြီး အိပ်ကပ်ထဲကနားကြပ်ကိုထုတ်ကာတပ်ထားလိုက်သည်။ ကားပေါ်ကိုတက်လာတဲ့ကျောင်းသားတွေကတော်တော်များသည်။wonwooလည်းကားပေါ်ကိုတိုးဝှေ့တက်နေတဲ့ကျောင်းသားတွေကိုလှမ်းကြည့်မနေတော့ဘဲ ဘေးပတ်ဝန်းကျင်ကိုသာပြတင်းပေါက်ကနေလှမ်းကြည့်နေလိုက်သည်။ wonwoo မျက်နှာလွဲကာပြတင်းပေါက်ဖက်လှည့်လိုက်သည်နှင့် ဘေးကဖြတ်သွားကာအနောက်ခုံမှာသွားထိုင်နေတဲ့ကောင်လေးကိုတော့ မမြင်မိတော့ပါ။....
YOU ARE READING
unexpected love
Fanfictionမင်းနဲ့ဆုံခဲ့တာကို ငါနောင်တရမိတယ် mingyu.... ဟောဗျာ... ခုမှနောင်တရလည်းဘာမှမထူးတော့ဘူးလေ ကျွန်တော်အစကတည်းကခင်များအပေါ်ဘာခံစားချက်မှမရှိခဲ့ပဲ ဟက်...