🍹

923 104 10
                                    


Ting ... Ting

မကိုင်မချင်းမြည်​နေတဲ့ဖုန်းသံ​ကြောင့် ထယ်ရယ် အိပ်ချင်မူးတူးထထိုင်လိုက်ရသည်။

မနက်​စော​စော အလိုက်ကန်းဆိုးမသိတဲ့ တစ်ဖက်လူကို​မေတ္တာပို့ရင်း ဖုန်းကိုနားနားကပ်လိုက်​တော့ ခပ်စူးစူးထွက်လာတဲ့ ညီဝမ်းကွဲ​​ကောင်ရဲ့အသံ။

"အစ်ကို မင်း ဘယ်မှာလဲ။ မ​ရောက်သေးဘူးလားဟ။ ​လေယာဥ်ချိန်မမီ​တော့ဘဲ နေလိမ့်မယ်"

"​လေယာဥ် အင်း .. ဘယ်က ​လေယာဥ်လဲ"

"ရား! ဂင်မ်ထယ်ရယ်! ရူးသွားပြီလား .. ဒီ​နေ့ ငါတို့တစ်မိသားစုလုံး Puerto Rico သွားကြမှာ​လေ!"

࣪ ˖⋆。𖦹 °.🐚⋆❀˖°

ဝရုန်းသုန်းကား ​ရေမိုးချိုး၊ အဝတ်အစားလဲပြီး နှစ်ရက်သုံးရက်​လောက်အလိုကတည်းက ကြိုထည့်ထားသည့် Luggage ကိုဆွဲကာ ​​တက္ကစီတစ်စီးအမြန်ငှားပြီး လေဆိပ်ကို ဒ​ရော​သောပါး​ပြေးရသည်။

ညက ​ရေးလက်စစာမူတစ်ပုဒ်ကို လက်စသတ်ပြီး ​နောက်ကျမှ အိပ်ယာဝင်ကာ ဒီ​နေ့မနက် ဝမ်းကွဲညီအငယ်ဆုံး၏ မင်္ဂလာပွဲအတွက် ​လေဆိပ်ဆင်းရမည့်အ​ကြောင်းကို ​မေ့သွားခြင်း။

"တကယ့်​ကောင်ကွာ .. ဆိုးလ်မှာ ​လာဆောင်လည်းရ​နေတဲ့ကိစ္စကို။ ​ဝေး​ဝေးလံလံ .. ဘုရားသိကြားမ'လို့ ဒီ​နေ့ ကားလမ်းမပိတ်ပါ​​စေနဲ့"

ပုံကြီးချဲ့လွန်းသည့်​ညီဖြစ်သူကိုဝေဖန်ရင်း လမ်းမှာ ကားမပိတ်ဖို့ တတ်သ​လောက်မှတ်သ​လောက် ဆု​တောင်းရသည်။

မ​ရောက်မချင်း ဖုန်းတဂွမ်ဂွမ်ဆက်​နေသည့် ဝမ်းကွဲ​ကောင်​ကြောင့် ​လေဆိပ်ရောက်​တော့လည်း တက္ကစီခ ကမန်းကတန်းရှင်းပြီး ​ပြေးရပြန်သည်။

ဒုတ်!

"အ!"

​နဂိုကတည်းက ပျာယာခတ်တတ်သည့်အကျင့်အရ လော​လော​ လော​လောနှင့်​ပြေး​သောအခါ အ​ရှေ့ကသွား​နေသည့်လူကို ဝင်တိုက်​မိတော့သည်။

"တောင်းပန်ပါတယ်။ ​တောင်းပန်ပါတယ် .. အဆင်​ပြေရဲ့လား"

ဝင်တိုက်မိသည့်အရှိန်​​ကြောင့် ​တစ်ဖက်လူ၏ လက်ထဲရှိ ​ကော်ဖီခွက်က သူရင်ဘတ်​နှင့်သူပြန်​ဆောင့်မိပြီး အင်္ကျီ​ပေါ်ကို အကွက်လိုက် ရွှဲနစ်သွား၍ ထယ်ရယ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။

Tequila SunriseWhere stories live. Discover now