03(မင်းသားလေး၅ယောက်ပေါ်ထွက်လာခြင်း)

205 20 5
                                    

ခုံမှာထိုင်စောင့်နေတဲ့ဆောင်းဟွန်း၊ပတ်ပတ်လည်ကိုကြည့်ရင်းစိတ်အရမ်းလှုပ်ရှားနေကာ

"ငါတစ်ယောက်တည်းလား?ဟုတ်သားပဲဒီမှာက...ချမ်းသာတဲ့သူတွေပဲရှိတဲ့ဟာ" ဆိုပြီးသက်ပြင်းချနေတုန်းဥက္ကကြီးရဲ့အတွင်းရေးမှူးဖြစ်သူဟာအနောက်ဆုံးကနေ

"အားလုံးပဲ!" ဆိုပြီးအော်လိုက်တော့လန့်သွားတာပေါ့...။

"ဥက္ကဌကြီးလာပြီနှုတ်ဆက်ကြ!!!" ဆိုပြီးပြောတော့ဘုမသိဘမသိနဲ့လန့်ဖြန့်ပြီးခေါင်းငုံ့နှုတ်ဆက်ကာဝန်ထမ်း‌တွေကလည်းနှုတ်ဆက်ကြပြီးဥက္ကဌကြီးကဖြေးဖြေးချင်းလျှောက်လာ၍ဆောင်းဟွန်းအရှေ့လည်းရောက်ကောပြုံးလိုက်ရင်းအထဲကိုဝင်သွားတော့လေရဲ့...။

"ပတ်‌ဆောင်းဟွန်းအင်တာဗျူးဖြေဖို့ဝင်လာပေးပါ"

"ဗျာ?"

"အင်တာဗျူးဖြေဖို့လာတာမလား?"

"ဟုတ်တယ်ဗျလာပါပြီ" ဆိုပြီးဆောင်းဟွန်းလည်းအထဲကိုကော့တော့ကော့တော့နဲ့ဝင်သွားတော့ကာအနောက်ကိုလှည့်နေတဲ့ဥက္ကဌကို

"မင်္ဂလာပါခင်ဗျ" ဆိုပြီးကြောင်တောင်တောင်နဲ့နှုတ်ဆက်လိုက်ပြီးဥက္ကဌကအရှေ့ကိုလှည့်လာ၍

"ဦးလေးကိုမှတ်မိသေးလား?"

"‌‌ဗျာ?"

"အဲ့လောက်ထိမလန့်ပါနဲ့ရိုက်မသတ်ပါဘူးထိုင်ပါခုံမှာ"

"ဟုတ်ကဲ့ဗျ" ဆိုပြီးခုံမှာထိုင်လိုက်ကာ

"ဒါနဲ့ကျွန်တော်ဘာလုပ်ရမှာလဲမသိဘူး?"

"ကလေးထိန်း"

"အာ...ကျွန်တော်လုပ်နိုင်ပါတယ်ဗျအတတ်နိုင်ဆုံး-"

"ဟားဟားဟားဟားခနလေးခနလေးရယ်ချင်သွားလို့"

"..."

"လှောင်တာရယ်တော့မဟုတ်ပါဘူးမင်းရဲ့စိတ်ဓာတ်ကိုတကယ်သဘောကျမိလို့ပါမင်းသာဆိုလုပ်နိုင်မယ်ထင်လို့ခန" ဆိုပြီး‌တစ်ခုခုကိုကုန်းယူနေပြီးဓါတ်ပုံလေးတစ်ပုံထွက်လာ၍ခုံပေါ်တင်ပေးရင်းဆောင်းဟွန်းရှေ့တွန်းပို့ပေးလိုက်တော့တယ်...။

ဆောင်းဟွန်းလည်းကုန်းကြည့်လိုက်ပြီးချစ်စရာကလေးလေး၅ယောက်ပုံကိုလည်းမြင်ကော

Missed Only One Place of Many Hearts ✓ || All sunghoon 🐧🐶🦅🦌🐥🐈Where stories live. Discover now