16(မင်းသားလေး၅ယောက်ရဲ့မွေးနေ့)

143 12 1
                                    

မနက်ကျတော့ဆောင်းဟွန်းရဲ့အခန်းထဲမှာအတူတူဝင်အိပ်ကြတာနဲ့အားလုံးဖရိုဖရဲနဲ့အောက်ပြုတ်ကျတဲ့သူကလည်းကျနဲ့ပေါ့...။

နိုးလည်းနိုးလာကောဆောင်းဟွန်းမျက်နှာပေါ်လည်းနီခီခြေထောက်တွေရောက်လို့ရောက်နဲ့

"နီခီ" ဆိုပြီးခြေထောက်ကိုအတင်းပုတ်လိုက်မှဖယ်ပေးလိုက်ပြီးဆောင်းဟွန်းအောက်ကိုမသိဘဲဆင်းမယ်လည်းလုပ်ရောဂျောင်ဝန်းကအောက်မှာအိပ်နေကာ

"ဟိုက်~နင်းမိတော့မို့" ဆိုပြီးသက်ပြင်းချလိုက်ရင်းဖြေးဖြေးချင်းလွတ်တဲ့ဘက်ကိုနင်းပြီးဆင်းသွားတော့၍

"စောသေးတာပဲ..." ဆိုပြီးအောက်ကိုဆင်းသွားတော့တယ်...။

မနက်စာတွေဘာတွေချက်ပြုပြီးအိမ်သန့်ရှင်းရေးတွေလုပ်တော့ကာဂျုံဆောင်းတို့လည်းနိုးလာကော

"အကိုကော???"

"ဟိုက်!ဘယ်လိုတွေအိပ်နေကြတာတုန်းကွ!!!ထကြထကြကြည့်မကောင်းရှုမကောင်းနဲ့"

"ဘာဖြစ်တာလဲ?"

"သူတို့ပေါ့ဘယ်လိုတွေ-"

"မဟုတ်ဘူးအဲ့မေးတာမဟုတ်ဘူးခုနကမေးတာကိုပြောတာ"

"အာ~အကို့ကိုမေး-" ဆိုပြီးပဲရှိသေးဆောင်းဟွန်းကရောက်လာပြီး

"ကွက်တိပဲ!မနက်စာစားလို့ရပြီအောက်ဆင်းခဲ့ကြနော်~~"

"မနက်စာ?အကိုမနက်စာ??လုပ်နေတာလား?"

"အွန်းဟုတ်တယ်ဂျုံဆောင်းရှီးတို့စားဖို့အတွက်လေ"

"အကိုပင်ပန်းနေပြီပေါ့~~~" ဆိုပြီးဖက်လိုက်ပြီး

"အကိုဘယ်ထွက်သွားတာလဲလို့စိတ်ပူနေတာ~"

"ဘယ်ထွက်သွားရမှာလဲ?အကိုက...မင်းတို့နားပဲရှိနေမှာပေါ့"

"သေချာလားအကို?"

"အွန်းသေချာတာပေါ့ကဲကဲသွားဆင်းစားမယ်ကျောင်းသွားရဦးမှာ"

"ဟုတ်ကဲ့~~~"

"မျက်နှာသစ်၊သွားတိုက်ပြီးဆင်းလာခဲ့ကြနော်~စောင့်နေမယ်" ဆိုပြီးခါးလေးကိုပုတ်ရင်းအောက်ဆင်းသွားတော့လေရဲ့...။

Missed Only One Place of Many Hearts ✓ || All sunghoon 🐧🐶🦅🦌🐥🐈Where stories live. Discover now