" မင်္ဂလာပါ။ မတွေ့ရတာကြာပြီနော် "လို့ပဲ
စရေးလိုက်ပါတယ်။ရှင်းအတွက်တော့ စာရေးခြင်းဆိုတဲ့ ဝါသနာက နေ့ခင်းအိပ်မက်တစ်ခုလို ဝိုးတဝါးဖြစ်နေခဲ့ပြီး ယောင်လို့တောင် ခြေဦးမလှည့်ဖြစ်ခဲ့တဲ့
နောက်တစ်နှစ်ပါပဲ။ဒါပေမယ့် တစ်နှစ်တစ်ခါ ရေးဖြစ်ဖို့ အကြောင်းဖန်နေသေးတာကိုက ရှင်းအတွက်
ကံကောင်းထောက်မ တယ်လို့ပဲ ဆိုရမယ်
ထင်ပါတယ်။ဟုတ်ပါတယ်။ ဒီနှစ်လည်း တစ်နှစ်တစ်ခါ
မိရှင်းပေါ်လာခဲ့ပါပြီ။Heartbeat: 52 Hz ဆိုတဲ့ fundraising project လေးတစ်ခုကို အကြောင်းပြုပြီး
" အရင်းနှီးဆုံး သူစိမ်း " လေး
ပေါ်ပေါက်လာခဲ့တာပါ။မရှုပ်တရှုပ် နေ့တဓူဝတွေမှာ အချိန်မပေးဖြစ်ခဲ့တဲ့ ဒီစာရေးခြင်းဝါသနာလေးအတွက်
သေချာလေး စိတ်နှစ်ပြီး ရေးခွင့်ရတဲ့အတွက်လည်း တကယ်ဝမ်းသာရတာပါပဲ။Project လေးကို ဦးဆောင်အကောင်ထည်ဖော်ပြီး ပါဝင်ဖို့ ဖိတ်ခေါ်ပေးခဲ့တဲ့ Ursa ကိုရော project မှာ ပါဝင်ပေးခဲ့ကြတဲ့ စာရေးသူတွေရော စာဖတ်သူတွေအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
စက်တင်ဘာရေစက်လို့ပဲပြောရမလား။
မနှစ်က ရေးဖြစ်ခဲ့တဲ့ Summer Rain ရော
ဒီနှစ် ရေးဖြစ်တဲ့ " အရင်းနှီးဆုံးသူစိမ်း "
ကိုပါ စက်တင်ဘာထဲမှာပဲ ရေးဖြစ်ခဲ့တယ်။ဗျာများရင်း လည်ပတ်နေတဲ့ လတွေထဲမှာ ဒီလိုလလေးတစ်လတော့ နှစ်တိုင်း ရှိစေချင်တာပါပဲ။
ရေးနေကြ ချစ်ခြင်းမေတ္တာကြိုးလေးကိုပဲ
သီကုံးဖြစ်ထားတဲ့ " အရင်းနှီးဆုံး သူစိမ်း" လေးဟာ စာဖတ်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ ခံစားချက်တစ်စုံတစ်ရာပဲဖြစ်ဖြစ် ဖြစ်ပေါ်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်။အားလုံးပဲ ချစ်ခြင်းမေတ္တာအားဖြင့်
စိတ်ချမ်းမြေ့ကြည်လင်ကြပါစေရှင်။
YOU ARE READING
အရင်းနှီးဆုံး သူစိမ်း
Fanfictionရှေးရေစက်~ရွေးချယ်မှု~အရင်းနှီးဆုံး - Heartbeat: 52Hz Project- 29th Sep, 2024