(၃) အရင်းနှီးဆုံး

122 35 2
                                    

ရက်သတ္တပတ်၊ (၇) ရက်၊ နာရီအားဖြင့် ၁၆၈ နာရီ။ ‌ဂျောန်ဂျောင်ဂု ဆိုတဲ့လူက တကယ်ကို အရူးပဲ ဖြစ်ရမယ်။ မိသားစုအကြောင်းပြောနေရင်းကနေ ဘယ်ကဘယ်လိုလုပ် ဒိတ်ခိုင်းနေရတာလဲ။ သူပြောသလို ငါကဘာလို့ လုပ်ကိုလုပ်ရမှာလဲ။ လူ့အခွင့်အရေးဆိုတာရှိတယ်။ ဟုတ်တယ် ငါငြင်းလို့ရတယ်။

" ဘယ်လိုလဲ အစ်ကို၊ စဥ်းစားပြီးပြီလား"

ဖုန်းမှ ဝင်လာသော စာတိုအားဖတ်ပြီး နဖူးနှင့် တိုင်သာ သွားစောင့်ချင်မိသည်။

" အေနဲ့ဘီက ဘာများကွာလို့လဲ"

နှစ်ခုလုံးကို မရွေးဘူးဟု ပို့မည်ဟု ရည်ရွယ်ထားသော်လည်း စိတ်နှင့်လက် ထပ်တူမကျစွာပင် တခြားစာပို့မိသွားသည်။

"ကွာတာပေါ့ (အေ)ကို‌ရွေးရင် အစ်ကိုက ကျွန်တော်နဲ့ ဒိတ်ရမှာမလို့ အစ်ကို့စိတ်တိုင်းကျ ဒိတ်ဖို့ပလန်ချလို့ရတယ် (ဘီ) ကိုရွေးရင် ကျွန်တော်က အစ်ကိုနဲ့ ဒိတ်ရမှာမလို့ အကုန်လုံးကို ကျွန်တော့်စိတ်တိုင်းကျ လုပ်လို့ရတယ်လေ"

ချက်ချင်းရောက်လာသော ပြန်စာအားဖတ်ပြီး စိတ်ကင်ဆာကောင်ဟု အသံထွက်ကာ ပြောမိသည်။

"မနက်ဖြန်အထိပဲ စောင့်မယ်နော်။ မဟုတ်ရင် အစ်ကို (ဘီ) ရွေးတယ်လို့ပဲ သတ်မှတ်လိုက်မယ်"

ဘယ်က ဘယ်လို စိတ်ကူးပေါက်ပြီး အစ်ကိုချင်း ထပ်အောင် ခေါ်နေလည်း မသိသော်လည်း အတော်လေး တော့ စိတ်ရှုပ်ရသည်။ အလုပ်ချိန်ဆိုလျှင် မသိချင်ယောင် ဆောင် အဖိုးကြီးလို မျက်နှာတည်နှင့်သူက အလုပ်ဆင်းချိန် တွေ့တာနဲ့ အထက်တန်းကျောင်းသားလို စနောက်တတ်တာကို ရုံးကလူများမြင်လျှင် အံ့ဩသွားကြ ပေလိမ့်မည်။

" ဘယ်သူ့ကို မျှော်နေတာလဲ"

ရုံးဆင်းချိန် မြင်နေကြ ကားအနက်ရောင်အား မမြင်ရသဖြင့် ဘေးဘီကို အကဲခတ်နေချိန် အနောက်မှကြားရသော အသံကြောင့် လန့်ဖျတ်သွားမိ၏။

"ဘယ်သူ့မှ မမျှော်ပါဘူး၊ ပြီးတော့ ဒီနေ့ ညစာအတူမစားဘူးနော် အိမ်မှာ အဖေ့နှစ်ပတ်လည် ကန်တော့ပွဲရှိတာမလို့ စောပြန်ရမှာ"

You've reached the end of published parts.

⏰ Last updated: Nov 24 ⏰

Add this story to your Library to get notified about new parts!

အရင်းနှီးဆုံး သူစိမ်းWhere stories live. Discover now